မော်လမြိုင်ဆေးရုံကြီးတွင် နှလုံးအထူးကုဌာန ဖွင့်လှစ်ရန် တိုက်တွန်းကြောင်းအဆို မွန်လွှတ်တော်အတည်ပြု

...

မော်လမြိုင်ဆေးရုံကြီးတွင် နှလုံးအထူးကုဌာန ဖွင့်လှစ်ရန် တိုက်တွန်းကြောင်းအဆို မွန်လွှတ်တော်အတည်ပြု

Burma News International, 15 Dec 2017

URL: https://www.bnionline.net/en/news/mon-hluttaw-approves-proposal-open-heart-center-mawlamyine-hospital
မော်လမြိုင်ဆေးရုံကြီးတွင် နှလုံးအထူးကုဌာနတစ်ခု ဖွင့်လှစ်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကို ဒုတိယအကြိမ် မွန် ပြည်နယ်လွှတ်တော်၊ အဋ္ဌမအကြိမ်ပုံမှန်အစည်းအဝေးတွင် ဒီဇင်ဘာလ ၈ ရက်က
ကိုယ်စားလှယ် (၃) ဦးက ထောက်ခံ ဆွေးနွေး ခဲ့ပြီး ကန့်ကွက်သူမရှိသည့်အတွက် အတည်ပြုခဲ့သည်။

“လက်ရှိ မော်လမြိုင်ဆေးရုံဟာ နှလုံးရောဂါနဲ့ ပတ်သက်ပြီး ကျွမ်းကျင်အထူးကုဆရာဝန်ကြီးတွေ၊ ပါရဂူကြီး တွေမရှိသလို စက်ပ စ္စည်းကိရိယာပိုင်းဆိုင်ရာမှာလည်း အားနည်းမှုတွေ ဖြစ်ပေါ်နေတာကို လေ့လာတွေ့
ရှိရတယ်”ဟု ရေးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ပြောကြားသည်။

မော်လမြိုင်ဆေးရုံကြီးတွင် နှလုံးရောဂါကြပ်မတ်ဆောင်သာရှိပြီး သီးခြားနှလုံးအထူးကုဌာန မရှိသည့်အတွက် ပြည်သူများအနေဖြင့် ရန်ကုန်မြို့သို့ တက်ရောက်ကုသမှုခံယူနေရသောကြောင့် နှလုံးဝေဒနာရှင်များအ
ကြား အခက်အခဲများစွာ ဖြစ်ပေါ်နေပြီး တက် ရောက်ကုသနိုင်သည့် ဝေဒနာရှင် အရေအတွက်မှာလည်း ရာခိုင်နှုန်းအားဖြင့် အလွန်နည်းပါးကြောင်း ၎င်းက ရှင်းပြသည်။

“ဒီကိစ္စက အစဉ်တစ်စိုက်ကြိုးစားလာခဲ့တာဖြစ်ပါတယ်။ ဒီအစိုးရလက်ထက်မှာတော့ ဒါကို မှတ်ကျောက်တစ်ခု တင်သင့်တယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးအနေနဲ့လည်း ဒီအဆိုကို အတည်ပြုပြီဆိုရင် ပြည်ထောင်စုအစိုး
ရအဖွဲ့ကို သဝဏ်လွှာပေးပို့မယ်။ အစိုးရအ ဖွဲ့ဘက်လည်း တင်ပြမယ်ဆိုရင် အမြန်ဆုံးအဆင်ပြေချောမွေ့မယ်” ဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင် နိုင်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ စတုတ္ထမြို့တော်ဖြစ်သည့် မော်လမြိုင်မြို့မှ ပြည်သူ့ဆေးရုံကြီးမှာ နိုင်ငံအဆင့်မီ နှလုံးရောဂါကုသရေး ကျန်းမာရေး ဝန်ဆောင်မှုပေးနိုင်ရန်နှင့် မြန်မာပြည်တောင်ပိုင်းရှိ ပြည်သူများအတွက် လိုအပ်နေ
သည့် နှလုံးရောဂါ ကျန်းမာရေးကုသမှုစနစ်ကို နိုင်ငံတော်အစိုးရက ငွေကြေးကုန်ကျသက်သာစွာဖြင့် စီစဉ်ဆောင်ရွက်ပေးသင့်ကြောင်း ဘီးလင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာ ခင်နိုင်ဦးက ဆိုသည်။

“နှလုံးကြပ်မတ်ဆောင်အတွက် လိုအပ်နေတဲ့ စက်ပစ္စည်းကိရိယာနဲ့ ဆရာဝန်နဲ့ ကျွမ်းကျင်ဝန်ထမ်းများကို ခန့်ထားနိုင်ဖို့ တင်ပြ တောင်းဆိုထားပါတယ်။ ဒါကြောင့် ဒီအဆိုကို ထောက်ခံကြောင်း ပြောကြားလိုပါတယ်”
ဟု လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောသည်။

မွန်ပြည်နယ်သာမက တည်နေရာဒေသချင်းထိစပ်နေသည့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွက်ပါ အကျိုးရှိမည် ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က သုံးသပ်ပြောကြား
သည်။

မြန်မာနိုင်ငံတွင် နှလုံးရောဂါနှင့် ၎င်းဆက်စပ်ရောဂါများ ဖြစ်ပွားမှုနှုန်း မြင့်တက်လျက်ရှိပြီး မွန်ပြည်နယ်အတွင်းမှာလည်း နှလုံးရောဂါ ဖြင့် သေဆုံးမှု နှစ်စဉ် မြင့်မားနေကြောင်း ကိုယ်တိုင်လေ့လာတွေ့ရှိချက်ကို ကိုး
ကားလျက် ၎င်းက မှတ်ချက်ပြု ပြောကြားသည်။