မွန်ပြည်သစ်ပါတီမှ NCA လက်မှတ်ရေးထိုးရန်အတွက် အဆင်သင့်နီးပါးရှိနေ

...

မွန်ပြည်သစ်ပါတီမှ NCA လက်မှတ်ရေးထိုးရန်အတွက် အဆင်သင့်နီးပါးရှိနေ

Myanmar Times, 02 Jan 2018

URL: https://www.mmtimes.com/news/new-mon-state-party-says-its-almost-ready-sign-ceasefire.html
မွန်ပြည်သစ်ပါတီသည် နှစ်လအတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပါတီ၏အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ သို့သော်လည်း
၎င်းတို့အနေနှင့် ၎င်းတို့ကိုယ်တိုင်ရေးထိုးမည်လော(သို့မဟုတ်) ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ၏ တစိတ်တဒေသအဖြစ် ရေးထိုးမည်လောဆိုသည်ကိုမူ ရှင်းလင်းမှုမရှိပေ။

“UNFC အဖွဲ့တွေနဲ့ ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ နှစ်လအတွင်း သဘောတူညီနိုင်ဖို့အတွက် ပိုမို ဆွေးနွေးဖို့ လိုအပ်ပါတယ်”ဟု ဦးနိုင်အောင်မငေးက Myanmar Times သို့ ပြောခဲ့သည်။

မွန်ပြည်နယ်၊ ရေချောင်းဖျားဒေသမှာရှိသည့် ဗဟိုဌာနချုပ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ နှင့် ၂၇ ရက်နေ့က ပြုလုပ်ခဲ့သည့် မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီအစည်းဝေး၌ NCA လက်မှတ်ရေးထိုးဖို့
ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပါတီဗဟိုကော်မတီဝင်တစ်ဦးက ပြောကြားခဲ့သည်။

“မွန်ပြည်သစ်ပါတီအနေနဲ့ NCA လက်မှတ်ရေးထိုးဖို့ လမ်းကြောင်းပေါ်ကို ရောက်နေပြီဖြစ်ပေမယ့် ငြိမ်းချမ်းရေးကော်မရှင်နဲ့ DPN ထံမှာ တောင်းဆိုထားတဲ့ အချက်၈ ချက်ကို အပြည့်အဝ ရရှိချင်ပါတယ်။
ဒီလိုအခြေအနေမျိုးပြီဆိုရင် စစ်တပ်ဘက်ကိုလည်း စိတ်ချရမှုရှိပြီဆိုရင် သေချာပေါက် NCA ကို လက်မှတ်ရေးထိုးမှာပါ”ဟု ဦးနိုင်အောင်မငေးက ပြောသည်။

မွန်ပြည်သစ်ပါတီခေါင်းဆောင်များသည် ဒီဇင်ဘာ၂၈ ရက်နေ့တွင် ကျင်းပသည့်ကော်မတီအစည်းအဝေးပြီးနောက် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်များ၊ နီပွန်ဖောင်ဒေးရှင်း၊ မွန်ပြည်နယ်အစိုးရ စသည်တို့
နှင့်လည်း တွေ့ဆုံခဲ့သည်။