သကြားကုန်သည်များမှ သကြားထုတ်လုပ်မည်

...

သကြားကုန်သည်များမှ သကြားထုတ်လုပ်မည်

Myanmar Times, 04 Jan 2018

URL: https://www.mmtimes.com/news/sugar-traders-switch-production-cultivation-glut-abates.html
၂၀၁၇ ခုနှစ်တွင် တရုတ်မှ သကြားပြန်လည်တင်ပို့မှုနှင့်ပတ်သတ်၍ ပိတ်ပင်ထားပြီးနောက် သကြားစျေးနှုန်းများကျဆင်းလာခဲ့ပြီး ဒေသတွင်းကုန်သည်များသည် အရှုံးများနှင့်ရင်ဆိုင်နေရသည်။ ထို့ကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများသည်ဒေသခံစားသုံးမှုအတွက် သကြားစတင်ထုတ်လုပ်လာခဲ့သည်။

လက်ရှိမှာ တရုတ်ကိုတင်ပို့မှု ပိတ်ထားတာကြောင့် သကြားကုန်သည်များ အရှုံးများပေမယ့်လည်း ဒေသတွင်းသကြားထုတ်လုပ်မှုမှာ သူတို့အတွက် ပိုပြီးရေရှည်ခိုင်မြဲမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ စတင်လုပ်ဆောင်ဖို့ တွန်းအားပေးလိုက်သလိုပါပဲ ဟုမြန်မာ့သကြားနှင့် ဆက်စပ်ပစ္စည်းများထုတ်လုပ်မှုကုန်သည်များအသင်းမှ ဒုတိယဥက္ကဌဖြစ်သူ ဦးဝင်းဌေးက The Myanmar Times သို့ ပြောခဲ့သည်။

ဒေသတွင်း စားသုံးသူများ၏ တောင်းဆိုမှုများ မြင့်တက်လာခဲ့ပြီး သကြားစက်များမှာ အမှာစာများ ရရှိလာကြသည်။ လွန်ခဲ့သော ၆ လခန့်ကပင် ယှဉ်ပြိုင်မှုများရှိလာတတ်သောကြောင့် သကြားစက်အများအပြားသည် ၎င်းတို့၏ထုတ်လုပ်မှုများကို စတင်ပြီး တိုးမြင့်လာခဲ့သည်။ ယခင်က သကြားစက်(၂)စက်မှ သကြား တန်ချိန်(၇၀၀၀၀၀)အထက် ပုံမှန်ထုတ်လုပ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ထိုသကြားစက်များမှ သကြားတန်ချိန် ၁၀
သိန်းကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်းဦးဝင်းဌေးက ပြောသည်။

ဤအတောအတွင်း သကြားစျေးနှုန်းသည် တိုးတက်ကောင်းမွန်လာပြီး ယခင်က တစ်တန်ချိန်လျှင် ကျပ် ၄၂၀၀၀ နှင့် နှိုင်းယှဉ်လိုက်ပါက ပြီးခဲ့သည့်ရာသီတွင် တစ်တန်ချိန်လျှင် ကျပ်(၇ သောင်း) ထိ မြင့်တက်လာသည်။