၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် မှန်းထားဟု ရွေးကောက်ပွဲကော်မရှင် ပြောကြား

...

၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် မှန်းထားဟု ရွေးကောက်ပွဲကော်မရှင် ပြောကြား

Democratic Voice of Burma, 03 Jan 2018

URL: http://www.dvb.no/news/elections-expected-year-uec-member/79075
၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ရည်မှန်းထားသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ဒီဗွီဘီသို့ ပြောသည်။

ကွယ်လွန်သွားခဲ့ကြသည့် လစ်လပ်လွှတ်တော်ကိုယ်စားလှယ် ၇ နေရာအတွက် သက်ဆိုင်ရာလွှတ်တော်တွေက ကော်မရှင်ထံ ရွေးကောက်ပွဲလုပ်ပေးရန် တောင်းဆိုလာလျှင် ကော်မရှင်အနေနှင့်
လုပ်ပေးရမှာဖြစ်တယ်ဟုလည်း ပြောခဲ့သည်။

ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း စသည့် ပြည်နယ်တိုင်းများတွင် လစ်လပ်နေခြင်းဖြစ်သည်။