ကရင်ပြည်နယ်တွင် ထုံးကျောက် ထုတ်ယူမှုကို ရပ်တန့်ရန် ADB ဖိအားပေးမည်

...

ကရင်ပြည်နယ်တွင် ထုံးကျောက် ထုတ်ယူမှုကို ရပ်တန့်ရန် ADB ဖိအားပေးမည်

Frontier Myanmar, 02 Jan 2018

URL: https://frontiermyanmar.net/en/adb-puts-brakes-on-kayin-state-quarry
သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝလုံခြုံမှုအတွက် လိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိသရွေ့ ကျောက်ကျင်းတစ်ခုမှ ထုံးကျောက်များ ထုတ်ဖော်နေမှုကို ရပ်တန့်ရေးအတွက် ကရင်ပြည်နယ်တွင် အဝေးပြေးလမ်း
တစ်ခုဖောက်လုပ်နေသည့် တရုတ်ကန်ထရိုက်တာတစ်ဦးကို ဖိအားပေးမည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်( ADB)က ပြောခဲ့သည်။

ကျောက်ကျင်းမှ ကျောက်ထုတ်လုပ်မှုကို ဒေသခံများက ဆန့်ကျင်နေသည့်အကြောင်း ရေးသားထားသည့် သတင်းဆောင်းပါးတစ်ပုဒ်ကို Frontier က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ်ဖော်
ပြပြီးနောက် ယင်းဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အသက်မွေးဝမ်းကျောင်းမှုများကို ထိခိုက်နိုင်မည်မဟုတ်ကြောင်း ပြသနိုင်ခြင်းမရှိသရွေ့ အဝေးပြေးလမ်းဖောက်လုပ်နေသည့် China Road and
Bridge Construction အား ကရင်ပြည်နယ်မြို့တော် ဘားအံအနီး လွန်ညာတောင်ရှိ ကျောက်ကျင်းတွင် ကျောက်ထုတ်လုပ်ရန် ခွင့်ပြုမည်မဟုတ်ကြောင်း ADB က ပြောသည်။

BGF တပ်မှူး ဗိုလ်ကြီးချစ်သူပိုင်ဆိုင်သည့် ချစ်လင်းမြိုင်တိုယိုတာကုမ္ပဏီကို ၂၀၁၇ ခုနှစ် ၊ ဖေဖော်ဝါရီလတွင် ကျောက်ကျင်းလုပ်ပိုင်ခွင့်လိုင်စင်ကို ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဌာနက ခွင့်ပြုပေးခဲ့သည်။
မြန်မာနိုင်ငံတွင် ပြင်ဆင်လိုက်သည့် မိုင်းတွင်းဥပဒေအရ ကျောက်ကျင်းအများစုမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ သို့မဟုတ် လူမှုရေးဆိုင်ရာအကဲဖြတ်ချက်များ မလိုအပ်တော့ပေ။

ချစ်လင်းမြိုင်တိုယိုတာသို့ လိုင်စင်ချထားပေးသော်လည်း China Road and Bridge Construction ကသာ ကျောက်ကျင်းမှ ကျောက်ထုတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိသည်ကို ဒေသခံများက ကြားသိခဲ့ရ
သည်။

ကရင်ပြည်နယ်အစိုးရအနေဖြင့်လည်း ကျောက်ကျင်း၏ သဘာဝပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှုဖြစ်နိုင်ချေနှင့် ပတ်သတ်သည့် စာတစ်စောင်ကို လက်ခံရရှိထားကြောင်း ပြည်နယ် သဘာဝပတ်ဝန်းကျင်၊ သစ်တော၊
သတ္တုတွင်း ၊ လမ်းနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာက ဒီဇင်ဘာ ၂၇ ရက်နေ့တွင် Frontier ကို ပြောကြားခဲ့သည်။