အိမ်ရာဖွံ့ဖြိုးရေးဘဏ်၌ ကျပ်သိန်း ၂ဝ စုဆောင်းထားပါက တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူနိုင်

...

အိမ်ရာဖွံ့ဖြိုးရေးဘဏ်၌ ကျပ်သိန်း ၂ဝ စုဆောင်းထားပါက တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူနိုင်

The Global New Light of Myanmar, 08 Jan 2018

URL: https://issuu.com/myanmarnewspaper/docs/8_jan_18_gnlm
တန်ဖိုးနည်းတိုက်ခန်းဝယ်ယူမည့်သူများအတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) တွင် တိုက်ခန်းတန်ဖိုးငွေ ကျပ်သိန်း ၂ဝ စုထားပါက ဝယ်ယူရန်လျှောက်ထား
နိုင်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

''ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ အိမ်ရာ ဝယ်ယူဖို့ငွေစု ဆောင်းထားတာ ကျပ်သိန်း ၂ဝ ပြည့်မီတာနဲ့ ယခုလကုန်မှာ ရောင်းချ မယ့် တန်ဖိုးနည်းတိုက်ခန်းတွေကိုဝယ်ယူဖို့
လျှောက်ထားလို့ရပြီ။ တိုက် ခန်းတန်ဖိုး ၂ဝ ရာခိုင်နှုန်း ပြည့်မီသူတွေကို မဲနှိုက်ပြီး တိုက်ခန်း တွေကို ရောင်းချပေးသွားမယ်'' ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြ နှင့်အိမ် ရာဖွံ့ဖြိုးရေးဦး
စီးဌာနတာဝန်ရှိသူတစ်ဦးက ဇန်နဝါရီလ ၆ ရက် နေ့၌ ပြောခဲ့သည်။

လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းအိမ်ရာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့ နယ်ရှိ ယုဇနအိမ်ရာအပိုင်း(၁)၊ (၂)တို့မှ တည်ဆောက်ပြီးစီးခဲ့သည့် တန်ဖိုးနည်းတိုက်ခန်းများကို ယခုလကုန်တွင်
ရောင်းချပေးမည် ဖြစ် ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ကျပ်သိန်း ၁ဝဝ တန်တိုက်ခန်းဝယ်ယူမည်ဆိုပါက ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် တိုက်ခန်းတန်ဖိုး၏ ၂ဝ ရာခိုင်နှုန်း ကျပ်သိန်း၂ဝ ကနဦးပေးချေရမည်ဖြစ်ပြီး ကျန်ငွေ
ကို ရှစ်နှစ်မှ ၁ဝ နှစ်အထိ အရစ်ကျငွေပေးချေစနစ်ဖြင့် ရောင်းချပေးမည် ဖြစ် ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) မှ သိရသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်(CHDB)အနေဖြင့် ယခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ဘဏ်ခွဲ လေးခု၊ မန္တလေး တိုင်း၊ နေပြည်တော်၊ မော်လမြိုင်နှင့် ပုသိမ်မြို့တို့၌ ဘဏ်
ခွဲတစ်ခုစီ စုစုပေါင်းဘဏ်ခွဲရှစ်ခု အထိဖွင့်လှစ်ထားသည်။

လစဉ်ငွေစုပမာဏမည်မျှထားရှိရမည်ကို မသတ်မှတ်ရသေးပေ။ သို့သော်လည်း ငွေစုသူများသည် ၎င်းတို့၏ဝင်ငွေအပေါ်မူတည်၍ လစဉ်စပေါ်ငွေထည့်ရန်လိုအပ်သည်။ ထိုစုငွေမှ အတိုးနှုန်း
(၈.၅)ရာခိုင်နှုန်းလည်း ၎င်းတို့ရရှိမည်ဖြစ်သည်။