လွိုင်ကော်တွင် ဆန္ဒပြသောကြောင့် ထပ်မံတရားစွဲခံထားသူ ၃ ဦး ပြန်လွတ်

...

လွိုင်ကော်တွင် ဆန္ဒပြသောကြောင့် ထပ်မံတရားစွဲခံထားသူ ၃ ဦး ပြန်လွတ်

The Irrawaddy, 24 Jan 2018

URL: https://www.irrawaddy.com/news/court-dismisses-peaceful-assembly-charges-karenni-protestors.html
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ရဲဘော် ၃ ဦးနှင့် အရပ်သား ၁ ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး ဆန္ဒဖော် ထုတ်ခဲ့ရာမှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့်
စီတန်းလှည့်လည် ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၉) ဖြင့် တရားစွဲဆိုခံခဲ့ရသူ ၅ ဦး လွတ်ရက်စေ့၍ လွတ်မြောက် လာပြီဖြစ်ကြောင်း သိရသည်။

၎င်းတို့ကို လွိုင်ကော် မြို့မရဲစခန်းက တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့တွင် လွိုင်ကော်မြို့နယ် တရားရုံးက ချုပ်ရက် အပါ ထောင်ဒဏ် ရက် ၂၀
ကျခံရန် ပြစ်ဒဏ်ချမှတ် ထားရာ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် လွိုင်ကော်အကျဉ်း ထောင်မှ လွတ်မြောက်လာခြင်း ဖြစ်သည်။

ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ (KSFU) ဥက္ကဋ္ဌ ခူးတူရယ်က “ဒီ ၅ ယောက်က ရက်စေ့လို့ လွတ်လာတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ထို့အတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲဘော် ၃ ဦးနှင့် အရပ်သား ၁ ဦးအသတ်ခံရခြင်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ခဲ့သူများကို ထပ်
မံတရားစွဲဆိုတော့မည် မဟုတ်ကြောင်းသိရသည်။

အဆိုပါ ၅ ဦး အဖမ်းခံရမှုနှင့် ပတ်သက်၍ ထပ်မံ ဆန္ဒပွဲပြုလုပ်ခဲ့ပြီး ထိုပွဲကို ဦးဆောင်သူ ၃ ဦးကိုလည်း တရားစွဲဆိုထားရာမှ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် လွိုင်
ကော်မြို့နယ် တရားရုံးက အမှုကို ပလပ်လိုက်ကြောင်းသိရသည်။

တရားစွဲဆိုခံရသူ ၃ ဦးမှာကယန်းမျိုးဆက်သစ်လူငယ် (KNGY) ဗဟိုကော်မတီဝင် ခွန်းအသန်း၊ ကယန်းအမျိုးသားပါတီ (KNP) ဥက္ကဋ္ဌ ခွန်းဘီဒူးနှင့် ကရင်နီပြည်
တောင်သူလယ်သမားသမဂ္ဂ (KSFU) ဥက္ကဋ္ဌ ခူးတူရယ်တို့ ဖြစ်သည်။

၂၀၁၇ ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော KNPP မှ ရဲဘော် ၃ ဦးနှင့် အရပ်သား ၁ ဦးသေဆုံးခဲ့မှုအပေါ် တရားဝင်သတင်း ထုတ် ပြန်ပေးရန်နှင့် တရားမျှတမှု
ဖော်ဆောင်ပေးရန် ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်ခဲ့သည့် လူငယ် ၅ ဦးတရားစွဲဆိုခံရပြီးနောက် ထပ်မံဆန္ဒပြရာတွင် ဦးဆောင်ပါဝင်ခဲ့သော ၎င်းတို့ ၃ ဦးကို ငြိမ်းချမ်း
စွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင် ရာဥပဒေပုဒ်မ (၁၉) ဖြင့် ဇန်နဝါရီ ၁၇ ရက်ကထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံညှိနှိုင်းမှုရလဒ်အဖြစ် ပြည်နယ်အစိုးရအနေဖြင့် တရားစွဲခံရသူ ၃ ဦး၏ အမှုကိုပလပ်လိုက်ရုံသာမက နောက်ထပ်စွဲရန် ရှိသေးသည့် လူငယ်များကိုလည်း
ထပ်မံတရားစွဲတော့မည် မဟုတ်ကြောင်း၊ ကရင်နီစစ်သားနှင့် အရပ်သားသေဆုံးမှုနှင့် ပတ်သက် ၍ သတင်းထုတ်ပြန်ပေးမည်ဟူသော ကတိပြုချက်ရရှိခဲ့ကြောင်း၊ လူ့အခွင့်အရေးလှုပ်ရှားသူများဘက်ကလည်း ပြည်နယ်အစိုးရကို ဖိအားဆက်မပေးရန် ပြောဆိုညှိနှိုင်းမှုများရှိခဲ့ကြောင်းသိရသည်။

“ပြည်နယ်အစိုးရရဲ့ သတင်းထုတ်ပြန်မှုကို စောင့်ကြည့်မယ်။ မှန်ကန်မှုရှိမရှိ။ တကယ် ကတိတည်ရဲ့လားဆိုတာ ကျနော်တို့ စောင့် ကြည့်မယ်။ ကတိလည်းမတည်ဘူး။
သတင်းထုတ်ပြန်ဖို့လည်း ပျက်ကွက်နေမယ်ဆိုရင် ဥပဒေလမ်းကြောင်းအရ လှုပ်ရှားမှုတွေကို ဒီ ထက်မက လုပ်ဆောင်ဖို့ရှိပါတယ်” ဟု ခူးတူရယ် က ပြောသည်။