၂၁ ရာစု ပင်လုံ ညီလာခံ ဆိုင်းငံ့ထားရန် KNLA သဘောထားရှိ

...

၂၁ ရာစု ပင်လုံ ညီလာခံ ဆိုင်းငံ့ထားရန် KNLA သဘောထားရှိ

The Irrawaddy, 11 Jan 2018

URL: https://www.irrawaddy.com/news/burma/knu-says-upc-postponed-differences-security-sector-clarified.html
တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို မကျင်းပသေးဘဲ ဆိုင်းငံ့ထားရန်နှင့် မဆိုင်းငံ့ဘဲ ကျင်းပလျှင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အနေဖြင့်
တက်ရောက်မည် မဟုတ်ဟု KNLA ၏ တပ်မှူးများ အစည်းအဝေးက ဆုံးဖြတ် ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်က KNLA ဗဟို ဌာနချုပ်တွင် ကျင်းပခဲ့ပြီး ၂၁ ရာစု ပင်လုံ ညီလာခံ (ဒုတိယအကြိမ်)က အခြေအနေများကို ဆွေးနွေး
ခဲ့ကြသည်ဟု KNLA က ပြောပြသည်။

ထို့အပြင် လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းရေး (DDR) နှင့် လုံခြုံရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေး(SSR) ဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြ
ပြီး ထိုကဲ့သို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု KNLA စစ်ရေးချုပ်ရုံး တွဲဖက် ဒု စစ်ရေးချုပ် ဗိုလ်မှူးချုပ် ရှားထုဝေါ်က ဧရာဝတီသို့ ပြောသည်။

တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို မည်သည့်အချိန်တွင် ကျင်းပသွားမည်ကို တရားဝင် ရက်သတ်မှတ်နိုင်ခြင်း မရှိသေးသော်လည်း အကြမ်းအားဖြင့် ၂၀၁၈ ခုနှစ် ဇန်
နဝါရီလ နောက်ဆုံးအပတ်တွင် ကျင်းပသွားရန် ဆုံးဖြတ်ထားကြောင်း ငြိမ်းချမ်းရေး ကော်မရှင် (PC)ထံမှ သိရသည်။

လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တပ်မတော်သည် ၎င်းတို့ ဖြစ်စေချင်သော ဆန္ဒ၊ သဘောထားများကိုသာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များအပေါ် ဖိအားပေးနေ
ကြောင်း၊ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အခြေခံပြီး ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်သည့် နေရာတွင်လည်း လက်နက်ကိုင်လမ်းစဉ်
စွန့်ရန်၊ နိုင်ငံရေးပါတီ ထောင်ရန်၊ ရွေးကောက်ပွဲ ဝင်ရန်၊ လက်နက် ဖြုတ်သိမ်းရန်၊ အရပ်သားအဖြစ်နေသွားရန် စသည်ဖြင့် ဖိအားပေးနေသည်ကို မြင်တွေ့လာရ ကြောင်းလည်း
KNLA က ပြောသည်။

KNLA သည် NCA လက်မှတ် ထိုးထားသော ကရင်အမျိုးသားအစည်းအရုံး (KNU)၏ လက်အောက်ခံစစ်ရေးဆိုင်ရာ အဖွဲ့အစည်း ဖြစ်သည်။