ကမ္ဘာ့ဘဏ်မှ မြန်မာ့လျှပ်စစ်ကဏ္ဍအတွက် အတိုးလွတ်ချေးငွေ ပေးမည်

...

ကမ္ဘာ့ဘဏ်မှ မြန်မာ့လျှပ်စစ်ကဏ္ဍအတွက် အတိုးလွတ်ချေးငွေ ပေးမည်

Global New Light of Myanmar, 19 Jan 2018

URL: http://www.globalnewlightofmyanmar.com/world-bank-support-interest-free-loan-myanmars-electricity-sector/
လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးစေရန်အတွက် မြန်မာနိုင်ငံမှ အာဏာပိုင်များသည် ၅ နှစ်တာစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်လျှက်ရှိသည်။

အာဏာပိုင်များသည် ကျေးရွာများဆီသို့ လျှပ်စစ်မီးသွယ်တန်းပေးရန်အတွက် ဆိုလာလျှပ်စစ်နှင့် လေစွမ်းအင်များမှတဆင့် ပံ့ပိုးပေးမည်ဖြစ်သည်။

ပင်မလျှပ်စစ်လိုင်းနှင့်ချိတ်ဆက်ထားခြင်းမရှိသည့် မြို့များအတွက် လျှပ်စစ်လည်ပတ်နိုင်ရန် ၂၀၁၆ မှ ၂၀၂၁ ခုနှစ်အထိ ယူအက်စ်ဒေါ်လာ ၉၀ ဘီလီယမ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည်။

ကမ္ဘာ့ဘဏ်၏အဆိုအရ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် လျှပ်စစ်မီးရရှိမှု မရှိပေ၊ ထို့ကြောင့် ကျေးလက်ဖွံ့ဖြိုးရေးဌာနနှင့်အစိုးရသည် ဤပြဿနာကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းလျှက်ရှိသည်။

ကမ္ဘာ့ဘဏ်သည် မြန်မာ့လျှပ်စစ်စီမံကိန်းအတွက် အတိုးလွတ်ချေးငွေ ဒေါ်လာသန်း ၄၀၀ ပေးမည်ဖြစ်သည်။ ၎င်းတို့ထဲမှ ဒေါ်လာ ၁၀ သန်းကို ဓာတ်အားလိုင်းများ တိုးချဲ့ရန်အတွက် လျှပ်စစ်ဝန်ကြီးဌာနမှ အသုံးပြုမည်ဖြစ်ပြီး ဒေါ်လာသန်း ၉၀ကို ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနသို့ ခွဲဝေချထားပေးမည်ဖြစ်သည်။

ကျန်ရှိနေသည့် ငွေကြေးဆိုင်ရာအကူအညီများနှင့် နည်းပညာပိုင်းဆိုင်ရာအထောက်အပံ့များကို အာရှဖွံ့ဖြိုးရေးဘဏ်၊ Germany Agency for International Cooperation နှင့် Japan International Cooperation Agency တို့မှ အကူအညီပေးမည်ဖြစ်သည်။