မန္တလေး ရေသန့်စင်စက်ရုံ တည်ထောင်ရန် ဂျပန်မှ ငွေကြေးအကူအညီပေးမည်

...

မန္တလေး ရေသန့်စင်စက်ရုံ တည်ထောင်ရန် ဂျပန်မှ ငွေကြေးအကူအညီပေးမည်

Myanmar Times, 01 Feb 2018

URL: https://www.mmtimes.com/news/japan-fund-mandalay-water-treatment-facility.html
မန္တလေးရှိ အထည်အလိပ်စက်ရုံများအတွက် ရေသန့်စင်စက်ရုံနှင့် အရည်အသွေးစောင့်ကြည့်စစ်ဆေးရေးစက်ရုံတည်ဆောက်ရန် ပထမဆုံးရှေ့ပြေးစီမံကိန်းတစ်ခုကို မြန်မာနှင့်သဘာဝပတ်ဝန်းကျင်ပူးဆောင်ရွက်ရန်
သဘောတူထားသည့်အတိုင်း ဂျပန်မှ ငွေကြေးအကူအညီ ပံ့ပိုးပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူများက The Myanmar Times သို့ ပြောကြားခဲ့သည်။

ရှေးပြေးစီမံကိန်းကို အထည်အလိပ်စက်ရုံ အများအပြားတည်ရှိသည့် ဝမ်းတွင်းမြို့တွင် တည်ဆောက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံစလုံးမှ နောက်လအစောပိုင်းတွင် လက်မှတ်ရေးထိုးနိုင်ရန် မျှော်မှန်းထားသည်။

မြန်မာနိုင်ငံ သဘာဝသံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန(MONREC)နှင့် ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ပထမဆုံးအကြိမ် ဂျပန်-မြန်မာ သဘာဝပတ်ဝန်း
ကျင် မူဝါဒဆိုင်ရာဆွေးနွေးပွဲကို နေပြည်တော်၌ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်မှုကို လျော့ချနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကျွမ်းဝင်မှုဆိုင်ရာနည်းပညာများအသုံးပြုမှု
မြှင့်တင်ပေးရန်အတွက် ပူးပေါင်းဆောင်ရွက်မှုပြုရန် ၎င်းတို့က သဘောတူညီခဲ့ကြသည်။
MONREC မှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးလှမောင်သိန်းက နှစ်နိုင်ငံအကြား သဘောတူညီမှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲကို နောက်လတွင် ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနှင့် ဂျပန်နိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင် ပူးပေါင်းဆောင်ရွက်မှု အဓိကပတ်မှတ်မှာ လေထုအရည်အသွေးတိုးတက်ကောင်းမွန်လာစေရန်၊ ကမ္ဘာကြီးနှင့်ရာသီဥတုပူနွေးလာမှုကို လျော့ချရန်၊ ဇီဝမျိုးစုံမျိုးကွဲများ
ထိန်းသိမ်းရေး နှင့် ရေအရည်အသွေးကိုထိန်းချုပ်နိုင်ရန် စသည်တို့ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။