မွန်ပြည်နယ်တွင် မျက်မမြင်များအတွက် သက်မွေးပညာသင် အခမဲ့ကျောင်း ဖွင့်လှစ်မည်

...

မွန်ပြည်နယ်တွင် မျက်မမြင်များအတွက် သက်မွေးပညာသင် အခမဲ့ကျောင်း ဖွင့်လှစ်မည်

Burma News International,, 08 Feb 2018

URL: https://www.bnionline.net/en/news/free-vocational-training-school-blind-be-opened-mon-state
မွန်ပြည်နယ်အတွင်းရှိ ၁၀ မြို့နယ်မှ အမြင်အာရုံချို့တဲ့သူ မျက်မမြင်များအတွက် အသက်မွေးမှု ဘက်စုံပညာသင်ကြားရေး အခမဲ့ ကျောင်းကို လာမည့် ဇွန်လ၌ မော်လမြိုင်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရွှေမေတ္တာပရဟိ
တအသင်း၊ ဒု-ဥက္ကဌ ဒေါ်တင်တင်အေးက ဟင်္သာမီဒီယာသို့ပြောကြားသည်၊၊

ကျောင်းမြေနေရာကို မုပွန်ရပ်ကွက်၊ သာသနာ့ဇောတိက ကျောင်းတိုက် ဆရာတော် အရှင်မာနိတာစာရထံမှ အလှုုခံကာ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်း သူမက ဆိုသည်၊၊

“နိမ့်ကျ သိမ်ငယ်နေတဲ့ မျက်မမြင်တို့တတ်သင့်တဲ့ ပညာတွေကို ဝါသနာပါရာ သင်ကြားပေးခြင်းဖြင့် လူ့ပတ်ဝန်းကျင်မှာ အတူတ ကွနေထိုင်တတ်စေပြီး ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်
ခြင်းဖြစ်တယ်” ဟု ဒေါ်တင်တင်အေးက ပြောသည်၊၊ မျက်မမြင်များအတွက် ရေရှည်စီမံကိန်းဖြစ်အောင် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်၊၊

ယင်းသို့ ကျောင်းဖွင့်လှစ်လျှင် ဂီတပညာကို တဖက်တလမ်းမှ လက်ဆင့်ကမ်းသင်ကြားပို့ချပေးမည်ဖြစ်ပြီး ကိုယ်တိုင်လည်း အမြင် အာရုံချို့တဲ့နေသူဖြစ်သည့် မွန်တေးဂီတဝိုင်း၊ ဂစ်တာသမား ကိုထင်လင်းအောင်က “ကိုယ့်
မှာရှိတဲ့ပညာတွေကို ပြန်ပြီးမျှဝေရမယ် ဆိုတော့ တကယ်ကို ဝမ်းသာတာပေါ့၊ အရင်က သူများဂစ်တာတွေ လိုက်ကိုင်တာကို ပေးမကိုင်ချင်ကြဘူး၊ မျက်စိမမြင်တဲ့အတွက် ကြိုးတွေပြတ်မှာပေါ့၊ အဲဒါကို အအော်ခံ အပြောခံ
ပြီး ကိုင်ရင်း တီးတတ်လာတာ၊ ကျွန်တော်ကြိုးစားသလို သူတို့ကိုလည်း အများကြီး အတတ်နိုင်ဆုံးသည်းခံပြီး အားပေးဖို့ဆုံးဖြတ်ထားပါတယ်” ဟု ပြောသည်၊၊

ထို့ပြင် ဖော်ပြပါကျောင်းတွင် မျက်မမြင်စူးဖောက်စာပေပညာရပ်၊ ဂီတအနုပညာ(မြန်မာ/ခေတ်ပေါ်)၊ လက်နှိပ်အကြောပြင်ပညာ (မြန်မာ-ဂျပန်)၊ အတန်းပညာ(သူငယ်တန်းမှ ဆယ်တန်း)၊ စိတ်ဓာတ်မြှင့်တင်ရေးဆိုင်ရာဘာ
သာရပ်၊ ဗေဒင်ပညာ၊ လက်မှုပညာ၊ ကွန်ပျုတာပညာနှင့် အင်္ဂလိပ်စကားပြောတို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ဒေါ်တင်တင်အေးက ဖြည့်စွက်ပြောပြသည်၊၊

ယခုဖွင့်လှစ်မည့် ကျောင်းတွင် မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ အမြင်အာရုံချို့တဲ့သူ ကလေးသူ ငယ်များကိုပါ လက်ခံသင်ကြားပေးသွားမည်ဖြစ်သည်။

၂၀၁၆ ခုနှစ်က ကောက်ခံပြုစုထားသည့် စာရင်းအရ အမြင်အာရုံမသန်စွမ်းသူ (မျက်မမြင်)ဦးရေမှာ ဒေသအတွင်း၌ ဦး ၄၀၀ နီးပါး ရှိသည်ဟု ကျောင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။