ဘုရားသုံးဆူနယ်စပ် တရားဝင်ဂိတ်ဖွင့်လှစ်နိုင်ရေး ကြိုးစားမည်ဟုဆို

...

ဘုရားသုံးဆူနယ်စပ် တရားဝင်ဂိတ်ဖွင့်လှစ်နိုင်ရေး ကြိုးစားမည်ဟုဆို

Mon News Agency, 07 Feb 2018

URL: http://monnews.org/2018/02/07/govt-to-be-urged-re-opening-of-three-pagodas-pass-border-gate/
မြန်မာနိုင်ငံအစိုးရမှ ၁၀ နှစ်ကျော် ပိတ်ထားသည့် ဘုရားသုံးဆူနယ်စပ်ဂိတ်အား တရားဝင်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အစိုးရ ထံတိုက်တွန်းသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်
ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဌ နိုင်ဝင်းထိန်က ထိုင်းလုပ် ငန်းရှင်များနှင့် ယနေ့တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။

အဖွဲ့ဝင် ၂၈ ဦးပါ မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ် ငန်းရှင်များအသင်းနှင့် ထိုင်းနိုင်ငံ ကန်ချနပူရီ၊ ရတ်ချ်ပူရီ၊ စူဖန် ပူရီ၊ နခွန်ပထုံ ၄ ခရိုင်မှ ထိုင်းကုန်သည်စက်မှု လုပ်ငန်း
ရှင်အသင်းတို့ ဒေသတွင်းခရီးသွားလာမှုမြှင့်တင်ရေး၊ လျှပ်စစ်ကဏ္ဍ၊ ရာဘာကုန်ချောစက်ရုံ၊ သစ်သီးဝလံနှင့် စိုက်ပျိုးရေးကဏ္ဍများ ကို ဘုရားသုံးဆူရွာ(ထိုင်းဧရိယာ) အနီးရှိ BSN
Factory Outlet အဆောက်အဦး၌ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မွန်ပြည်နယ်နှင့် ထိုင်းနိုင်ငံကန်ချနပူရီသို့ နှစ်ဖက် နိုင်ငံသားများ ၁၄ ရက်ခန့် အပြန်အလှန်သွားလာ လည်ပတ် ခွင့် ရရှိလိုကြောင်း၊ ယင်းသို့သွားလာနိုင်ရေးအတွက် ထိုင်း
အစိုးရဘက်က အဆင်သင့်ဖြစ်နေကြောင်း၊ မြန်မာဘက်မှခွင့်ပြု ချက်သာ လိုအပ်နေကြောင်း အဆိုပါတွေ့ဆုံပွဲတွင် ထိုင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

သို့ရာတွင် ဘုရားသုံးဆူဒေသ၌ ထိုင်းမြန်မာနှစ်နိုင်ငံနယ်နိမိတ် တိကျစွာသတ်မှတ်နိုင်ခြင်း မရှိသေးသဖြင့် လောလောဆယ် နယ် ခြားဂိတ်ဖွင့်လှစ်ရန် မဖြစ်နိုင်သေးကြောင်း၊နယ်နိ
မိတ်သတ်မှတ်နိုင်ရန် နှစ်နိုင်ငံအစိုးရတို့ ကြိုးစားလျက်ရှိကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ယမန်နေ့(ဖေဖော်ဝါရီ ၃ ရက်) ဘုရားသုံးဆူမြို့၌ ကျင်းပသည့်
လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ဘုရားသုံးဆူမြို့သည် ကရင်ပြည်နယ်အတွင်းတည်ရှိနေပြီး မိုင် ၆၀ ကျော်ခန့်ဝေးကွာသည့် မွန်ပြည်နယ် သံဖြူဇရပ်မြို့သို့ မော်တော် ကားဖြင့် ၃ နာရီအချိန်သာ ကြာမြင့်ကြောင်း သိရ
သည်။