တွေ့ဆုံဆွေးနွေးခြင်းသည် ပိုမိုထိရောက် သကဲ့သို့ လက်နက်ကိုင်တိုက်ပွဲထက်လည်း ပိုမို အန္တရာယ်များကြောင်း KNU ဥကၠဌဆုိ

...

တွေ့ဆုံဆွေးနွေးခြင်းသည် ပိုမိုထိရောက် သကဲ့သို့ လက်နက်ကိုင်တိုက်ပွဲထက်လည်း ပိုမို အန္တရာယ်များကြောင်း KNU ဥကၠဌဆုိ

The Irrawaddy, 31 Jan 2018

URL: https://www.irrawaddy.com/news/burma/knu-leader-warns-fellow-karen-dangers-political-negotiations.html
မြန်မာ့တပ်မတော်နှင့် ဆယ်စုနှစ် ၆ ခုကျော်ကြာ ပြည်တွင်းစစ်ကို တိုက်ခိုက်ခဲ့ပြီးနောက် KNU သည် ၂၀၁၂ ခုနှစ်တွင် အပစ်အ ခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် ပါဝင်လာခဲ့သည်။ ထိုနှစ်တွင်ပင် ထိုစဉ်က ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရတို့နှင့် နှစ်ဘက် အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲပြီးနောက် ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် -NCA ကို လက်မှတ်ရေးထိုးသော အဖွဲ့ဝင်ဖြစ်လာသည်။

NCA သည် နိုင်ငံရေးပဋိပက္ခများကို စေ့စပ်ညှိနှိုင်းခြင်းနှင့် ပါဝင် ပတ်သက်သူတိုင်း တိုင်ပင်ဆွေးနွေးရေး ငြိမ်းချမ်းသော နည်းဖြင့် ဖြေရှင်းသော နိုင်ငံရေး ယဉ်ကျေးမှုသစ် ထူထောင်ခြင်းဖြစ်သည် ဟု လည်း စောမူတူးစေးဖိုး
က ပြောသည်။

သို့သော် တွေ့ဆုံဆွေးနွေးခြင်းသည် ပိုမိုထိရောက်သကဲ့သို့ လက်နက်ကိုင်တိုက်ပွဲထက်လည်း ပိုမို အန္တရာယ်များသော ကြောင့် နိုင်ငံရေးညှိနှိုင်းဆွေးနွေးပွဲများတွင် ပါဝင်ရာ၌ အထူး သတိထားရမည်ဖြစ်ကြောင်းလည်း KNU
ဥက္ကဌ က သတိပေး သည်။

“NCA တွင် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ရမည့် သဘောတူညီထားသည့် အချက် လုံးဝမပါဝင်ပေ။ ကရင်အမျိုးသားအစည်း အရုံး၏ အဓိက ရည်ရွယ်ချက်မှာ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံ
ဆွေးနွေးပြီး ငြိမ်းချမ်းစွာ အဖြေရှာရေးပင် ဖြစ်ပါသည်။ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ရန် လုံးဝမဟုတ်ပေ။ ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည် ဆောက်ရန်ပင်ဖြစ်ပါသည်။ နိုင်ငံနှင့် တိုင်းရင်းသား ပြည်
သူလူထု တရပ်လုံး၏ လိုအပ်မှုသည် ငြိမ်းချမ်းရေးပင် ဖြစ်ပါသည်”ဟု စောမူ တူးစေးဖိုးက ပြောသည်။

KNU သည် ပြည်သူလူထုအမြင်သဘောထားများကို နားထောင်ရန် လူထုဆွေးနွေးပွဲများကို အကန့်အသတ်ဖြင့် ပြုလုပ်ခဲ့ရသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိကျင်းပသော အမြဲတမ်း ဗဟိုကော်မတီ အစည်းအဝေးတွင် NCA အကောင်အထည် ဖေါ်ခြင်းနှင့်ဆိုင်သော နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့သည်။ NCA အကောင်အ
ထည်ဖေါ်သော လုပ်ငန်းစဉ်အောက်ရှိ လူထုဆွေးနွေးပွဲများ ကျင်းပခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီနှင့် ကြားကာလ အစီအစဉ်ဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထိုအစည်းအဝေးတွင် တတိယအကြိမ် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ မတိုင်ခင် ပြင်ဆင်ရမည့်အကြောင်းများကိုလည်း ဆွေးနွေးခဲ့သည်။