တစ်နှစ်အတွင်း ကျန်းမာရေးစနစ်မြှင့်တင်ရေးအစီအစဉ်များ KDHW ချမှတ်

Burma New International, 19 Feb 2018
URL: https://www.bnionline.net/en/news/kdhw-sets-down-health-system-upgrade-programs-year
KNU-ကရင်အမျိုးသားအစည်းအရုံး၏ လက်အောက်ခံဌာနတစ်ခုဖြစ်သည့် ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန-KDHW အနေဖြင့် တစ်နှစ်အတွင်း ကျန်းမာရေးစနစ်မြှင့်တင်ရေးအစီအစဉ် (Annual Operation Plan)
အတွက် အကောင်ထည်ဖော် လုပ်ဆောင်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ထိုင်း-မြန်မာနယ်စပ်တစ် နေရာတွင်ဖေဖော်ဝါရီလ ၁၂ရက်မှ ၁၅ရက်နေ့အထိ ပြုလုပ် သည့် ၎င်းတို့၏ ၂ဝ၁ရနှစ်အတွက် နှစ်ကုန်အစည်းအဝေးတွင် ဆုံးဖြတ်ချမှတ်ခဲ့ကြသည်။
၎င်းအစည်းအဝေးမှ လာမည့်လေးနှစ်အတွင်းလုပ်ဆောင်သွား မည့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစဉ်များအပါအဝင် ၂၀၁၈ခုနှစ် အတွင်း ကျန်းမာရေးစနစ်မြှင့်တင်ခြင်းအစီအစဉ်များကို ခရိုင်၊ မြို့နယ်အသီးသီးတွင် အကောင်
အထည်ဖော် လုပ်ဆောင်သွားရန် ဆုံးဖြတ်ချက်များချမှတ်ခဲ့မှုနှင့်ပတ်သက်၍ KDHW၏ ဌာနမှူး ပဒို စောအယ်ကလူရွှေဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
၎င်းက “နိုင်ငံတစ်နိုင်ငံရဲ့ ပြည်သူလူထုတွေအတွက် ကျန်းမာရေး စနစ်ကိုမြှင့်တင်တဲ့အခါမှာ ကျန်းမာရေးဆိုင်ရာအုပ်ချုပ်မှု၊ ဝန် ဆောင်မှု၊ အဆောက်အဦး၊ ကျန်းမာရေးလုပ်သားအရင်းအမြစ်၊ ဘဏ္ဍာရေးဆိုင်ရာနဲ့ ကျန်းမာ
ရေးဆိုင်ရာ သတင်းအချက်အလက် စတဲ့ ကျန်းမာရေးစနစ်ကို အခြေခံပြီး လုပ်သွားမှသာလျှင် အဲ့နိုင်ငံရဲ့ ကျန်းမာရေး အဆင့်မြင့်မယ်ဆိုတဲ့ သတ်မှတ်ချက်ကို စံသတ်မှတ်ချက်တစ်ခုအနေနဲ့ ထားပြီးတော့မှ လုပ်သွားမယ်။ အဲ့ဒီခေါင်းစဉ်အလိုက်ကို တာဝန်တွေ သီးသန့်သတ်မှတ်ပြီး အစီအစဉ်တွေကို ရေးဆွဲပြီးတဲ့နောက်မှာ အကောင်အထည်ဖော်သွား မယ်”ဟု ပြောသည်။
ထိုသို့အကောင်အထည်ဖော်ရာတွင် KDHW သာမက ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ နယ်ခြားစောင့်တပ် (BGF)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အစရှိသည့် ကရင်လက်နက်ကိုင်အင်အားစုများ၏ ကျန်း
မာရေးအဖွဲ့အပြင် မြန်မာနိုင်ငံဆေးပညာ ရှင်များအသင်း(BMA)၊ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေး လုပ်သားအဖွဲ့(BPHWT)၊ မယ်တော်ဆေးခန်း (MTC) စသည့် နယ်စပ် ကျန်းမာရေးအဖွဲ့အစည်းများနှင့် အတူတကွ ပူးပေါင်းထုတ်ထားသည့် တစ်နှစ်အတွင်း ကျန်းမာရေးစနစ် မြှင့်တင်ခြင်းအစီအစဉ်ကို အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည်ဟုလည်း ပဒိုစောအယ်ကလူရွှေဦးက ဆက်ပြောသည်။
အဆိုပါစည်းဝေးပွဲသို့ KDHW ဗဟို အပါအဝင် ခရိုင်(၇)ခုနှင့် မြို့နယ်(၂၅)ခုမှ ကျန်းမာရေးတာဝန်ခံများ၊ NGO အဖွဲ့အစည်းအချို့ နှင့် DKBA၊ BGF၊ KNU/KNLA-PC မှ ကျန်းမာရေးတာဝန်ရှိသူများစုစုပေါင်း (၅၀)နီးပါး တက်ရောက်ခဲ့ကြသည်။
KDHW သည် ၁၉၅၆ခုနှစ်က ဖွဲ့စည်းခဲ့သော KNU ၏ လက်အောက်ခံဌာန ၁၄ခုအနက်တစ်ခုဖြစ်ပြီး ဆယ်စုနှစ်များစွာ ကျန်းမာရေးပြု စုစောင့်ရှောက်မှု မရရှိသည့် ကရင်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသခံ ပြည်သူလူ
ထုများနှင့် ပြည်တွင်းပုန်းရှောင်စစ် ဘေးဒုက္ခ သည်များ(IDPs)ကို ကျန်းမာရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်သည်။