အခြေခံစပါးစျေး တင်း ၁ဝဝ ကို ငွေကျပ် ငါးသိန်း သတ်မှတ်

...

အခြေခံစပါးစျေး တင်း ၁ဝဝ ကို ငွေကျပ် ငါးသိန်း သတ်မှတ်

Myanmar Times, 08 Mar 2018

URL: https://www.mmtimes.com/news/myanmar-fixes-2018-paddy-price-k500000-100-baskets.html
ယခုနှစ် နွေစပါးနှင့် မိုးစပါးပေါ်ချိန်အတွက် အခြေခံစပါးစျေးနှုန်းကို တင်း ၁ဝဝ လျှင် ငွေကျပ်ငါးသိန်းနှုန်းဖြင့် သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က မတ် ၆ ရက်က ထုတ်ပြန်သည်။

နေပြည်တော်တွင်ပြုလုပ်သော မြန်မာ့ဆန်စ ပါးကဏ္ဍဖွံ့ဖြိုးရေး နှီးနှောဖလှယ်ဆွေးနွေးပွဲတွင် အထက်ပါထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုထုတ်ပြန်ချက်အရ အသင်းချုပ်၏ အသင်း ဝင်ဆန်စက်များ၊ ဆန်စပါးကုန် သည်များ၊ အကျိုးဆောင်များနှင့် ပုဂ္ဂလိက ကုမ္ပဏီ အဖွဲ့အ စည်းများသည် အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်းအမှော်၊ ဖုန်၊ သဲ၊
ခဲနှင့်ဆိုင်သော အရည်အသွေးဆိုင်ရာ သတ်မှတ်ချက် စံချိန်စံ ညွှန်းများနှင့်ကိုက်ညီသည့် ၄၆ ပေါင် ကိုက် စပါးတင်း ၁ဝဝ လျှင် ကျပ်ငါးသိန်း စျေး အနည်းဆုံးထား ဝယ်ရမည်ဖြစ်သည်။

အဆိုပါသတ်မှတ်ချက်တွင် တန်းမြင့်ဆန်များဖြစ်သော ပေါ်ဆန်း၊ အထူးဧည့်မထအုပ်စု စသည့် အဆင့်မြင့် ဆန်အုပ်စုများ မပါဝင်ပေ။ ၎င်းစပါးများကိုမူ တင်း ၁ဝဝ လျှင် ကျပ် ခုနစ်သိန်းမှ ၁ဝ သိန်းကျော်အထိ
စျေး ကောင်းသောကြောင့် ယင်းတို့ကိုမူ စျေးကွက်ပေါက်စျေးအတိုင်းသာ ဝယ်ယူရမည်ဟု ဆိုသည်။

လက်ရှိ အခြေခံစျေးနှုန်းသတ်မှတ်လိုက်သော စပါးများသည် လုပ်ကွက်ငယ် တောင်သူများအပါအဝင် တောင်သူ အများစု စိုက်ပျိုးသော သာမန်စပါးမျိုးများအတွက်သာဖြစ်ပြီး စပါးပေါ်ချိန်တွင် စျေးနှုန်းကျဆင်း
လေ့ရှိသောကြောင့် ၎င်းတို့၏အကျိုးစီးပွားကို ဦးစားပေးသည့်အနေဖြင့် သတ်မှတ်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ထုတ်ပြန်သော အခြေခံစပါးစျေးနှုန်းသည် ယခုနှစ်အတွင်း ထွက်ပေါ်ရန်ရှိသည့် နွေနှင့် မိုးစပါးအတွက် သာဖြစ်ပြီး နောင်နှစ်များအတွက်ကိုလည်း ထုတ်လုပ်မှုကုန်ကျစရိတ်၊အကျိုးအမြတ်၊ ပြည်တွင်းဆန်
စျေးနှုန်း၊ နိုင်ငံတ ကာ ပေါက်စျေး စသည်တို့ကိုမူတည်ကာ အခြေခံစျေးကို ဆက်လက်ထုတ်ပြန်မည်ဖြစ်ဟု ဆိုသည်။

ယခုကဲ့သို့ ရည်ညွှန်းအခြေခံ စပါးစျေးနှုန်းထုတ်ပြန်ခြင်းသည် မြန်မာနိုင်ငံတွင်ပထမဆုံးဖြစ်ပြီး ကုန်သည်များနှင့် တောင်သူများအကြား ပူးပေါင်းဆောင်ရွက်ခြင်း၏ ရလဒ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ထိုနေ့ အခမ်းအ နားတွင် ပြောကြားခဲ့သည်။