ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးရေးစီမံကိန်း ယခုနှစ်တွင် စတင်မည်

...

ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးရေးစီမံကိန်း ယခုနှစ်တွင် စတင်မည်

The Global New Light of Myanmar, 28 Mar 2018

URL: https://issuu.com/myanmarnewspaper/docs/28_mar_18_gnlm
ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုကို ယခုနှစ်ကုန်ပိုင်းတွင် စတင်အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း မြဝတီနေ့စဉ်သတင်းစာက အင်္ဂါနေ့တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် အမှုဆောင်ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးရဲလင်းက ရန်ကုန်နှင့် ၂နှစ်ရီကြာသာ မောင်းရတော့မည် ကားလမ်းမကြီးတစ်
ခုကိုလည်း တည်ဆောက်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

ကနဦးအဆင့်တွင် ကားလမ်းမသစ်ကြီးကို ဖွံ့ဖြိုးရေးစီမံကိန်းဒေသ၌ ယခုနှစ်နှောင်းပိုင်းတွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး ၂၀၂၀ ခုနှစ် မတိုင်မီ အပြီးသတ်တည်ဆောက်နိုင်ရန် မျှော်
မှန်းထားသည်။

ဖွံ့ဖြိုးရေးစီမံကိန်းများတွင် အဆင့်မြင့် မြို့တော်တစ်ခု၊ နိုင်ငံတကာလေဆိပ်တစ်ခု၊ စီးပွားရေးစက်မှုဇုန်များ၊ အိမ်ရာများနှင့် စက်မှုဆိုင်ရာ အဆောက်အဦးများ စသည်တို့ ပါဝင်သည်။ စီမံကိန်း
မစတင်မီ ဒေသတွင်းနေထိုင်သူများနှင့် နိုင်ငံခြားကုမ္ပဏီများသည် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်သည်။

စီမံကိန်းများ၏ စုစုပေါင်း ကုန်ကျငွေမှာ ခန့်မှန်းခြေအားဖြင့် ယူအက်စ်ဒေါ်လာ ၂၀၀ ဘီလီယမ်ကျော်ရှိသည်။