အစိုးရတပ်နှင့် ကေအဲန်ယူ တင်းမာမှု JMC-U အစည်းအဝေးတွင် ဆွေးနွေး

...

အစိုးရတပ်နှင့် ကေအဲန်ယူ တင်းမာမှု JMC-U အစည်းအဝေးတွင် ဆွေးနွေး

Democratic Voice of Burma, 23 Mar 2018

URL: http://www.dvb.no/news/tatmadaw-knu-pledge-address-current-tensions/80302
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ ဖြစ်ပွားနေတဲ့ အစိုးရတပ်နှင့် ကေအဲန်ယူအကြား တင်းမာမှုတွေနဲ့ ပတ်သတ်ပြီး ဒီကနေ့ကျင်းပသည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC – U) အစည်းအဝေးမှာ အဓိကထား ဆွေးနွေးခဲ့ကြသည်။

ဒီကနေ့မှာတော့ ကေအဲန်ယူတပ်မဟာ ၅ ဖာပွန်ခရိုင်မှာ ဖြစ်ပွားသည့် တင်းမာမှုနဲ့ပတ်သတ်ပြီး ဆွေးနွေးကြသလို ဒီတင်းမာမှုနဲ့ပတ်သတ်ပြီးတော့ ကေအဲန်ယူက ဖွဲ့စည်းသည့် တပ်ပိုင်းဆိုင်
ရာ ညှိနှိုင်းရေးအဖွဲ့နဲ့ တပ်မတော်တောင်ပိုင်းတို့ လာမယ့် မတ်၂၉-၃၀ ရက်နေ့တွင် တွေ့ဆုံနိုင်ဖို့ ဆုံးဖြတ်ထားသည်ဟု အစည်းအဝေးတက်ရောက်သည့် ကေအဲန်ယူခေါင်းဆောင်ဗိုလ်ချုပ်
စောအိုင်းဇက်ဖိုးက ပြောသည်။

တွေ့ဆုံပွဲတွင် ကားလမ်းဆက်ဖောက်ရေး မဖောက်ရေးနှင့် တင်းမာမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာသားများကို ကူညီနိုင်ဖို့အရေး ဆွေးနွေးမည်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။