အီတူးထာ့ ဒုက္ခသည်စခန်းတွင် ကျင်းပသည့် ရေကာတာ ဆန့်ကျင်ရေးနေ့ လူပေါင်း ၁၀၀၀ ကျော် ပူပေါင်း

...

အီတူးထာ့ ဒုက္ခသည်စခန်းတွင် ကျင်းပသည့် ရေကာတာ ဆန့်ကျင်ရေးနေ့ လူပေါင်း ၁၀၀၀ ကျော် ပူပေါင်း

Karen News, 18 Mar 2018

URL: http://karennews.org/2018/03/we-want-peace-not-dams-1000s-of-villagers-protest-proposed-salween-dams-in-karen-state/
မတ်လ (၁၄)ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာ မြစ်ချောင်းများ ထိန်းသိမ်းရေးနှင့် ရေကာတာဆန့်ကျင်ရေးနေ့ကို ကရင်မြစ်ချောင်းများကွန်ရက်မှ ဦးဆောင်ပြီး
ထိုင်း-မြန်မာနယ်စပ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံး မူတရော်(ဖာပွန်)ခရိုင်၏ သံလွင်မြစ်ကမ်းဘေးတစ်နေရာရှိ အီတူးထာ့ ပြည်တွင်းစစ်ရှောင်စခန်းတွင် ကျင်း
ပခဲ့ရာ လူပေါင်း ၁,၀၀၀ ကျော်ပါဝင်တက်ရောက်ခဲ့ကြသည်။

ကရင်မြစ်ချောင်းများကွန်ရက်အဖွဲ့ဝင် ကရင်ကျောင်းသားကွန်ရက်(KSNG) အတွင်းရေးမှူး စောလားနေဝါးက “ဒီသံလွင်မြစ်ကမ်းနံဘေးမှာ ရေကာတာဆန့်ကျင်ရေးနေ့
ကို ကျွန်တော်တို့ ကျင်းပရတာက ကျွန်တော်တို့ရော၊ လာမယ့်မျိုးဆက်တွေအတွက်နဲ့ရော ဒီရေကာတာရဲ့ဆိုးကျိုးတွေကို မကြုံရစေဖို့နဲ့ ၊ ဒီမြစ် ချောင်းကိုလည်း ဘာအ
တားအဆီးအနှောက်အယှက်မှ မရှိဘဲ လွတ်လပ်စွာ စီးဆင်းစေချင်လို့ ကျွန်တော်တို့ ဒီအစီအစဉ်ကို ပြုလုပ်တာဖြစ်ပါတယ်” ဟု ပြောသည်။

ထို့ပြင် ရေကာတာ တည်ဆောက်မှုသည် သဘာဝပတ်ဝန်းကျင်၏ အလှတရားကို လာရောက်ဖျက်ဆီးစေသည့်အပြင် ဌာနေဒေသခံများ၏ဘဝ၊ အသက်မွေးဝမ်းကျောင်း
အဝဝကို လာရောက်ဖျက်ဆီးမည့် ယင်းဆိုးကျိုးများကို ၎င်းတို့အနေဖြင့် အလိုမရှိသောကြောင့် ရေကာတာဆန့်ကျင်ရေးကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်းလည်း စောလား
နေဝါးက ဖြည့်စွက်ပြောဆိုသည်။

အဆိုပါ အခမ်းအနားသို့ ကရင်မြစ်ချောင်းများကွန်ရက်မှ အဖွဲ့ဝင်များ ၊ နယ်မြေခံ ကေအဲန်ယူ မူတရော်ခရိုင်မှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှာ မြစ်ချောင်းအရေးတက်ကြွ
လှုပ်ရှားသူများ၊ အီတူးထာ့စခန်းမှ ဒုက္ခသည်များ၊ ကျေးရွာ ၆ ရွာမှ ဒေသခံရွာသူရွာသားများနှင့် ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ် ၊ ကရင်နီ (ကယား) ပြည်နယ်နှင့် ကရင်ပြည်နယ်အပါအဝင် သံလွင်မြစ်ချောင်းတစ်လျှောက်တွင် ရေကာတာစီမံကိန်း ၁၄ ခု တည်ဆောက်ရန် လျာထားပြီး
ကရင်ပြည်နယ်ထဲတွင် ဝဲကြီး၊ ဒါးကွင်၊ ဟတ်ကြီးရေကာတာစီမံကိန်းတို့ ပါဝင်သည်။