သတင်းမီဒီယာသင်တန်းကျောင်း ဖွင့်လှစ်မည်

...

သတင်းမီဒီယာသင်တန်းကျောင်း ဖွင့်လှစ်မည်

Myanmar Times, 02 Apr 2018

URL: https://www.mmtimes.com/news/news-media-training-schools-be-opened.html
အစိုးရသည် နိုင်ငံတကာအရည်အချင်းနှင့်ပြည့်မီသောသတင်းထောက်များ ပေါ်ထွက်လာစေရန်အတွက် သတင်းမီဒီယာသင်တန်းကျောင်း ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှသန်းက ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် သတင်းထောက်များကို လေ့ကျင့်သင်တန်းပေးရန်အတွက် UNESCO အပါအဝင် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့်အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။

သတင်းထောက်များကို လေ့ကျင့်သင်တန်းပေးရန်အတွက် ဝန်ကြီးဌာနသည် Myanmar Journalism Institute ၊Myanmar Media Development စင်တာ စသည်ကဲ့သို့ ကျောင်းများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သို့သော်လည်း သတင်းထောက်ကတ်ပြား ထုတ်ပေးခြင်းမှာ မီဒီယာအဖွဲ့အစည်းများနှင့် သတင်းအဖွဲ့အစည်းများ၏ တာဝန်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။