တိုင်းရင်းသားရေးရာဝန်ကြီးဌာနတွက် ဘတ်ဂျက် ၁ ရာခိုင်နှုန်းအောက်တွင်သာရရှိ

...

တိုင်းရင်းသားရေးရာဝန်ကြီးဌာနတွက် ဘတ်ဂျက် ၁ ရာခိုင်နှုန်းအောက်တွင်သာရရှိ

Burma News International, 10 Mar 2018

URL: https://www.bnionline.net/en/news/ethnic-affairs-ministry-receives-below-one-percent-budget
ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေးကို ဦးစားပေးဆောင်ရွက်မည်ဆိုသည့် အစိုးသစ်လက်ထက်တွင် ပြည်ထောင်စုနှင့် ပြည်နယ်/ တိုင်းဒေသကြီးတွင်ပါ တိုင်းရင်းသားရေးရာဝန်ကြီးဌာနသည် ဘတ်ဂျက် အနည်းဆုံး ရရှိသည့် စာရင်းတွင် ပါဝင်နေသည်။

ယခုနှစ် ၂၀၁၇-၂၀၁၈ ပြည်ထောင်စုဘတ်ဂျက် တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနအတွက် ဘတ်ဂျက် ရရှိမှုမှာ ဝဒသမ၂ရာခိုင် နှုန်းသာရှိပြီး ကယားပြည်၏ ဘတ်ဂျက်တွင်လည်း ၅၃.၈၄၅ သန်းရရှိပြီး အနည်းဆုံး တွင်ပါဝင်သည်။

ကယားပြည်နယ်၏ ဘတ်ဂျက််များတွင်လည်း အများဆုံးရ ရှိသည့် ဌာနများမှာ လမ်းဦးစီးဌာနဖြစ်ပြီး သုံးစွဲမှုဘတ်ဂျက် မှာ ကျပ်သန်းပေါင်း ၁၉၀၀၀.၀၀၀ ဖြစ်ပြီး စည်ပင်သာယာ ရေးအဖွဲ့မှာ ကျပ်သန်းပေါင်း (၆၀၃၇.၂၅၇) ဒုတိယအများ ဆုံး အသုံးပြုခဲ့သည့်ဌာနဖြစ်သည်။

တိုင်းရင်းသားရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးရေးလုပ်ဆောင်ရန်အတွက် လုပ်ပိုင်ခွင့် မရှိသည့်အ တွက် သုံးစွဲရသည့်ဘတ်ဂျက်မှာလည်း အနည်းဆုံးသာ ရရှိသည်ဟု သိရသည်။

တိုင်းရင်းသားရေးရာဝန်ကြီးများ တွေ့ဆုံချိန်တွင် တိုင်းရင်းသားများ၏ အခန်းကဏ္ဍကို မြှင့်တင်ပြီးဥပဒေကို ပြန်လည်ပြုပြင်ရန် ကြိုးစားသွားကြမည်ဖြစ်ကြောင်း သိရသည်။