ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ တည်ဆောက်မှုအတွက် ကရင်ပြည်သူများစိုးရိမ်နေ

...

ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ တည်ဆောက်မှုအတွက် ကရင်ပြည်သူများစိုးရိမ်နေ

Myanmar Times, 09 Apr 2018

URL: https://www.mmtimes.com/news/kayin-residents-fear-coal-plant-may-go-ahead.html
ကရင်ပြည်သူများသည် ၎င်းတို့ဒေသတွင် ပြည်ထောင်စုအစိုးရမှ ကျောက်မီးသွေးစက်ရုံ စီမံကိန်း တည်ဆောက်မှုအား ဆောက်လုပ်ခွင့်ရုပ်သိမ်းထားသော်လည်း ဆက်လက်လုပ်ကိုင်မည်ကို စိုးရိမ်နေကြသည်။

ဘားအံတွင် နေထိုင်သည့် စောနေလင်းထွန်းမှ ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရ၏ ဆုံးဖြတ်ချက်အတိုင်းစီမံကိန်း ပယ်ဖျက်ရမည်ဖြစ်ပြီး စီမံကိန်းကို ရပ်ဆိုင်းရန်ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ပြောခဲ့သည်။

"ပြည်ထောင်စုအဆင့်မှာ စီမံကိန်း ပယ်ဖျက်မယ်လို့ ကြေငြာထားပေမယ့်လည်း ပြည်နယ်အဆင့်မှ မရှင်းလင်းတာတွေကျန်နေသေးတယ်" ဟု သူကပြောသည်။ " စီမံကိန်းမှာ ကျန်သေးတဲ့အရာတွေနဲ့ပတ်သတ်ပြီး လူထုအပေါ် သတင်းအချက်အလက်ပေးဖို့လိုပါတယ်၊ မကြာသေးခင်ကပဲ TTCL ကုမ္ပဏီက ဒီစီမံကိန်းနေရာမှာ မြေတွေ ဝယ်နေတယ်။"

မတ်လ ၁၄ ရက်နေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာအစိုးရမှ ဘားအံတွင် အဆိုပြုထားသည့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို တည်ဆောက်ရန်ခွင့်မပြုတော့ကြောင်း ကြေငြာခဲ့သည်။
အဆိုပြုထားသည့် စီမံကိန်းသည် သံလွင်မြစ်ကမ်းပေါ်တွင် တည်ရှိသည်။