(၃)လအတွင်း မြန်မာအလုပ်သမား ၅သောင်းကျော် ပြည်ပတွင် အလုပ်အကိုင် ရရှိ
Eleven Myanmar, 18 Apr 2018
လွန်ခဲ့သော ၃ လအတွင်း နိုင်ငံရပ်ခြားသို့ အလုပ် လုပ်ကိုင်ရန်အတွက် အမိမြေမှ ထွက်ခွာသူ မြန်မာနိုင်ငံသား ၅၀၀၀၀ ကျော်ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယခုနှစ်၌ ဇန်နဝါရီလမှ မတ်လအတွင်း ပြည်ပနိုင်ငံသများသို့ အလုပ်လုပ်ကိုင်ရန်ထွက်ခွာသူမြန်မာနိုင်ငံသား ၅ သောင်းကျော်ရှိပြီး အများစုမှာ အိမ်နီးချင်းထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ကြသည်။
ဇန်နဝါရီလတွင် အလုပ်သမား ၁၈၁၁၉ဦးသည် ပြည်ပနိုင်ငံများသို့ ထွက်ခွာခဲ့ကြပြီး ၁၆၉၈၈ ဦးမှာ ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ကြသည်။ ဖေဖော်ဝါရီလတွင် ၁၅၆၅၃ ဦး ထွက်ခွာခဲ့ကြပြီး ၁၅၆၅၃ ဦးမှ ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ကြသည်။ မတ်လ၌ ၁၇၈၅၉ ဦး ပြည်ပသို့ ထွက်ခွာခဲ့ပြီး ၁၅၈၈၂ ဦးမှာ ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့သည်။
ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ လွန်ခဲ့သော ၃ လအတွင်း မြန်မာနိုင်ငံသား၆၀၉၆၄ ဦးသည် ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် ထွက်ခွာခဲ့ကြသည်။