သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ မဲဆန္ဒရှင်စာရင်းပြုစုရန်အတွက် UEC မှ ညွှန်ကြား

...

သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ မဲဆန္ဒရှင်စာရင်းပြုစုရန်အတွက် UEC မှ ညွှန်ကြား

Eleven Myanmar, 23 Mar 2018

URL: http://www.elevenmyanmar.com/politics/13781
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ ၂၀၁၈ ခုနှစ်တွင်း ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် လွတ်လပ်နေသောမဲဆန္ဒနယ်နေရာ(၁၂)ခုအတွက် မဲဆန္ဒရှင်စာရင်းပြုစုရန်ညွှန်ကြားထားကြောင်း UEC မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမြင့်နိုင်က ပြောခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်တွင် ကျင်းပမည်ဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲအတွက် အချက်အလက်များကို မကြေငြာသေးပေ။

“ ညွှန်ကြားလာတာကတော့ မဲဆန္ဒရှင်စာရင်းတွေကို စတင်ပြုစုဖို့ပါပဲ ။ ကျင်းပမယ့်ရက်ကြေငြာပြီးရင်တော့ မဲဆန္ဒရှင်စာရင်းနဲ့ပတ်သတ်တဲ့အချက်အလက်တွေကို ကျွန်တော်တို့ ပေးမှာပါ ” ဟု ဦးမြင့်နိုင်ကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ မိသားစုတိုင်းရှိ မဲဆန္ဒရှင်စာရင်းကို ကြေငြာမည်ဖြစ်သည်။