ကျန်းမာရေးနှင့်အလုပ်အကိုင်လုံခြုံမှုဆိုင်ရာဥပဒေကြမ်းအား လွှတ်တော်သို့တင်သွင်း

...

ကျန်းမာရေးနှင့်အလုပ်အကိုင်လုံခြုံမှုဆိုင်ရာဥပဒေကြမ်းအား လွှတ်တော်သို့တင်သွင်း

Myanmar Times, 27 Apr 2018

URL: https://www.mmtimes.com/news/draft-health-and-occupational-safety-law-submitted-hluttaw.html
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ရေးဆွဲသည့် ကျန်းမာရေးနှင့်အလုပ်အကိုင်လုံခြုံမှုဆိုင်ရာဥပဒေကြမ်းအား လွှတ်တော်သို့တင်သွင်းခဲ့ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

ဥပဒေကြမ်းကို လာမည့်လွှတ်တော်အချိန်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

“လွှတ်တော်က ခွင့်ပြု မပြုဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ လွှတ်တော်အနေနဲ့အခြားကိစ္စရပ်တွေအပေါ်မှာ လုပ်ဆောင်နေရင်တော့ အတည်ပြုပေးဖို့ အချိန်ကြာပါလိမ့်မယ်။”

ဥပဒေကို အတည်ပြုပြီးပါက အလုပ်နေရာဘေးကင်း လုံခြုံမှုအတွက် စစ်ဆေးရေးမှူးတစ်ဦးထားရှိမည်ဖြစ်ပြီးအလုပ်နေရာဘေးကင်းမှုတိုင်းတာမှုများအတွက် ညွှန်ကြားချက်များကို ဌာနမှ ပေးမည်ဖြစ်သည်။

ဥပဒေကို အတည်ပြုပြီးပါက အလုပ်သမားများအား အသိပညာပေးခြင်းများနှင့် အလုပ်သမားဘေးကင်းရှင်းမှုများကို ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

“နှစ်တိုင်း အလုပ်ခွင်မှာ မတော်တဆမှုတွေဖြစ်ပွားနေပါတယ်။ ဒီလိုမတော်တဆမှုတွေ ဖြစ်ပွားမှုနှုန်း လျော့ကျအောင် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်နေပါတယ်။ အလုပ်နေရာမှာ မတော်တဆမှုဖြစ်တယ်ဆိုငရင် ကျွန်တော်တို့ လာရောက်စစ်ဆေးပါမယ်။ ဘာကြောင့ဖြစ်တယ်ဆိုတာ ကျွန်တော်တို့လေ့လာမှာဖြစ်ပြီး ပြန်ပြင်တာပဲဖြစ်ဖြစ် ၊ နည်းလမ်းတွေနဲ့ပဲဖြစ်ဖြစ် ချက်ချင်း ဆောင်ရွက်ပေးပါမယ်။
ဆက်လက်လုပ်ဆောင်ပေးဖို့လည်း လိုပါတယ်” ဟု ဦးသိန်းဆွေက ပြောသည်။