မွန်အမျိုးသားကိုယ်စားပြုပါတီ တရားဝင် မှတ်ပုံတင်ရန် ဆိုင်းငံ့

...

မွန်အမျိုးသားကိုယ်စားပြုပါတီ တရားဝင် မှတ်ပုံတင်ရန် ဆိုင်းငံ့

Burma News International, 11 Jul 2018

URL: https://www.bnionline.net/en/news/mon-national-representative-party-postpones-official-registration
မွန်အမျိုးသား ကိုယ်စားပြုပါတီအဖြစ် ရွေးကောက်ပွဲ ကော် မရှင်တွင် တရားဝင်မှတ်ပုံတင်ထားသော အခြေအနေကို လက်ရှိတွင် ယာယီ ဆိုင်းငံ့ထားကြောင်း ယင်းပါတီ တည် ထောင်လိုသူ ၂၁ ဦးအဖွဲ့ ခေါင်း ဆောင် နိုင်တလညီက ဟင်္သာမီဒီယာသို့ အတည်ပြု ပြောဆိုသည်။

ယင်းပါတီသည် ဇူလိုင်ဒုတိယအပတ်တွင် ကော်မရှင်သို့ မှတ်ပုံတင်ရန် စီစဉ်ထားခဲ့ပြီး၊ မွန်နိုင်ငံရေးပါတီ အားလုံးပေါင်းစည်းရေး အတွက် ဆောင်ရွက်နေချိန်ဖြစ်၍ မှတ်ပုံတင်ရန် ဆိုင်းငံ့ခဲ့ခြင်း ဖြစ်သည်။

“ပါတီမှတ်ပုံတင်တဲ့ကိစ္စ ဆိုင်းငံ့ထားတဲ့ အနေထားမှာ ရှိနေတယ်၊ ဘယ်တော့လောက်တင်မှာလဲ ဆိုတာ မသတ်မှတ်ရသေးဘူး”ဟု နိုင်တလညီက ပြောသည်။

ပါတီသည် ပေါင်းစည်းရန်ရှိနေသော မွန်နိုင်ငံရေးပါတီများဖြစ်သော မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့၏ ပေါင်းစည်းရေးကိုယ်စားအဖွဲ့နှင့် ဇူလိုင် ၆ ရက်တွင် မော်လမြိုင်မြို့ ရှိ Royal Hinthar Hotel တွင် တွေ့ဆုံပြီး နောက်ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထိုကြောင့် ဟင်္သာမီဒီယာက မွန်နိုင်ငံရေးပါတီအားလုံး တစ်စုစည်းတည်းဖြစ်ရန်နှင့် မွန်ပြည်နယ်အတွက် သတင်းကောင်းတစ်ခု မည် သည့်အချိန်၌ ကြားရမည်ဟူသော မေးခွန်းကို နိုင်တလညီက ဆွေးနွေးနေ ဆဲဖြစ်၍ အတိအကျပြောဆိုရန် မဖြစ်နိုင်ကြောင်း ပြောဆို သည်။

မွန်အမျိုးသား ကိုယ်စားပြုပါတီသည် နှစ်ကြိမ်တိုင်တိုင်ကျင်းပခဲ့သော မွန်နိုင်ငံရေးညီလာခံမှ ပေါ်ထွက်လာသည့်ပါတီတစ်ခုဖြစ်ရန် ရှိနေသော်လည်း နိုင်ငံရေးပါတီ အားလုံးပေါင်းစည်းမှုကို လက်ကိုင်ထား၍ ကြိုး ပမ်းလျက်ရှိသည်။