နှစ်ဖက်တွေ့ဆုံမှုများ ပြန်ရမည်ဟု ကချင်ခေါင်းဆောင် မျှော်လင့်

...

နှစ်ဖက်တွေ့ဆုံမှုများ ပြန်ရမည်ဟု ကချင်ခေါင်းဆောင် မျှော်လင့်

Burma News International, 11 Jul 2018

URL: https://www.bnionline.net/en/news/kachin-leader-hopes-reopen-dialogue
ပြတ်တောက်နေသည့် နှစ်ဖက်တွေ့ဆုံမှုများကို ပြန်လည်ရရှိနိုင်ရန် ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးကို တက် ရောက်လာရခြင်းဖြစ်သည် ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီ လာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေး တက် ရောက်ရန် နေပြည်တော်သိုု့ ရောက်ရှိလာချိန် သတင်း ထောက်များ မေးမြန်းရာတွင် ကချင် လွတ်မြောက်ရေး ကောင်စီ (ကေအိုင်စီ) ဒု-ဥက္ကဌ (၁) ဗိုလ်ချုပ်ဂွန်မော် က ယခုကဲ့သိုု့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဘယ်လိုမျှော်လင့်ထားလဲဆိုတော့ ဒီပွဲမှာကတော့ ကျွန် တော်တို့ဆွေးနွေးမှု အဓိက မဟုတ်ပဲနဲ့ အဆက်ပြတ်နေတဲ့ ကျွန်တော်တုုိ့ရဲ့ ဆက်သွယ်ရေးတွေ ဘယ်လိုလုပ်မလဲဆို တဲ့ အပိုင်းက ပိုအဓိကကျမယ်လိုု့ ထင်ပါတယ်”

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးသို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်ပြီး တက် ရောက်လာခြင်း ဖြစ်သည်။

အလားတူ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးက ခေါင်းဆောင်များလည်း နေပြည်တော်သိုု့ ရောက်ရှိနေပြီ ဖြစ်သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Sun Guosiang (ဆွန်ကောချန်း)၊ တရုတ်နုုိင်ငံမှ ထိပ် တန်းအရာရှိများနှင့်အတူ မြောက်ပိုင်းမှ တုုိင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC မှ ကိုယ်စားလှယ်များမှာ တရုတ်နိုင်ငံ ကူမင်းမှ နေပြည်တော်သိုု့ တရုုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ အကူအညီဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးသိုု့ တက်ရောက်ရန် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့များအား အစိုုးရက တရုတ်သံရုံးမှ တစ်ဆင့် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးအား ဇူလိုင် ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ (၆) ရက်ကြာ ကျင်းပမည်ဖြစ်သည်။