ကေအဲန်ပီပီ NCA ရေးထိုးနိုင်ရေး လာမည့်သြဂုတ်လအတွင်း အစိုးရနှင့် ထပ်မံညှိနှိုင်းမည်

...

ကေအဲန်ပီပီ NCA ရေးထိုးနိုင်ရေး လာမည့်သြဂုတ်လအတွင်း အစိုးရနှင့် ထပ်မံညှိနှိုင်းမည်

Myanmar Times, 16 Jul 2018

URL: https://www.bnionline.net/en/news/knpp-hold-another-negotiation-govt-august-signing-nca
ကေအဲန်ပီပီမှ NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် လာမည့် သြဂုတ်လတွင် အစိုးရနှင့် ဆွေးနွေးညှိနှိုင်းသွားမည်ဟု KNPP၏ အ ထွေထွေအတွင်းရေးမှူး ရွှေမျိုးသန့်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့က နေပြည်တော်တွင် ကေ အဲန်ပီပီမှ NCA လက်မှတ်ရေးထိုးရန် ငြိမ်းချမ်းရေးကော် မရှင်နှင့် တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း သဘောထားဆန္ဒများ ကွဲလွဲနေသေးတာကြောင့် NCA လက်မှတ်ရေးထိုးရေး နောက်ဆုတ်ထားသည်။

“NCA လမ်းကြောင်းပေါ်မှာပဲ ရှိသေးတော့ ကျွန်တော်တို့ NCA လက်မှတ် ရေးထိုးနိုင်ဖို့အတွက်က ညှိနှိုင်းနေဆဲပါ”ဟု ရွှေမျိုးသန့်က ပြောသည်။

ညှိနှိုင်းပြီး သဘောတူညီချက်များ ရရှိပါက ကေအဲန်ပီပီ၏ NCA ရေးထိုးနိုင်ရေး နီးစပ်လာဖွယ်ရှိနေသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုစာချူပ် NCA သည် အင်အားစု အားလုံး၏ ပန်းတိုင်ကို လျှောက်လှမ်းနိုင်ရန် အစပြုပေးမည့် မှတ်တိုင်တစ်ခုဖြစ်သည်ဟု ယခုသတင်းပတ်အတွင်း ကျင်းပ နေသည့် ၂၁ ရာစုပင်လုံညီလာခံအဖွင့်နေ့ မိန့်ခွန်းတွင် ပြောသည်။

“NCA ကို ဆက်ပြီးတော့ အမွေခံပြီး ဖော်ဆောင်တယ်၊ ဒီဖြစ်စဉ်ကြီးကို အောင်မြင်ဖို့အတွက်လည်း အားလုံးပါဝင်ပြီးတော့ လုပ် ဆောင်နေတာဖြစ်တယ် ” ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

တိုင်းရင်းသားနယ်မြေများတွင် ပြည်သူများမှာ အေးအေးချမ်းချမ်းမနေရဘဲ ငြိမ်းချမ်းရေးကို စောင့်ဆိုင်းနေသည်မှာ နှစ်ပေါင်း ရဝ ကျော်ရှိပြီသဖြင့် တိုင်းရင်းသားပြည်သူများကို အချိန်အများကြီး ထပ်မစောင့် ဆိုင်းခိုင်းချင်တော့ပါဟုလည်း ၎င်းက တိုက်တွန်းသည်။