ညီလာခံမှ အချက် ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၂ အဖြစ် လက်မှတ်ရေးထိုး

...

ညီလာခံမှ အချက် ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၂ အဖြစ် လက်မှတ်ရေးထိုး

Myanmar Times, 17 Jul 2018

URL: https://www.mmtimes.com/news/peace-conference-agrees-14-points-skirts-security-issue.html
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးမှ သဘောတူညီချက် ၁၄ ချက်ကို ပြည်ထောင်စုသဘော တူစာချုပ် အစိတ်အပိုင်း ၂ အဖြစ် ဇူလိုင် ၁၆ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

ညီလာခံကို ဇူလိုင် ၁၁ ရက်မှ ခြောက်ရက်ကြာကျင်းပခဲ့ပြီး နိုင်ငံ ရေးကဏ္ဍတွင် လေးချက်၊ စီးပွားရေးကဏ္ဍတွင် တစ်ချက်၊ လူမှု ရေးကဏ္ဍတွင် ၇ ချက်နှင့် မြေယာနှင့်သဘာဝပတ်ဝန်းကျင် ကဏ္ဍတွင် နှစ်ချက်တို့ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ယင်းအချက်များတွင် တိုင်းရင်းသားများလိုလားသည့် စိုးရိမ် သည့်အချက်များကို လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိ သော်လည်း ပိုမိုသေချာသည့် စကားလုံးအသုံးအနှုန်းများကို ထည့်သွင်းခဲ့ခြင်း၊ ဖွဲ့စည်းပုံ အ ခြေခံဥပဒေတွင် မပါရှိသည့် အ ချက်များကို ပြည်ထောင်စုသဘောတူညီချက်အဖြစ် ထည့်သွင်း ခဲ့ခြင်းဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ဆိုသည်။ “အခု သဘောတူညီလိုက်တဲ့ အချက်တွေက ပြည်ထောင်စု သဘော တူစာချုပ်ရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ ပြီးပြည့်စုံတဲ့ ပြည်ထောင်စု သဘောတူ စာချုပ်ကြီး ချုပ်ဆိိုုနိုင်ဖို့အတွက် နောက်ထပ်တက်လှမ်းလိုက်တဲ့ ခြေလှမ်းသစ်တွေလည်း ဖြစ်ပါတယ်”ဟု ၄င်းက ဖြည့်စွက်ပြောကြားသည်။

ယခုညီလာခံတွင် သဘောတူညီချက် ရယူခဲ့ခြင်းမရှိသော်လည်း လုံခြုံရေးကဏ္ဍကို ထည့်သွင်းဆွေးနွေးခဲ့သည်။ ပြီးခဲ့သည့် ပင်လုံ ညီလာခံတွင် ပြည်ထောင်စု သဘောတူညီချက် ၃၇ ချက်ရရှိခဲ့ပြီးဖြစ်သောကြောင့် ယခုညီလာခံသဘောတူညီချက်အပါအဝင် ၅၁ ချက်ကို ပြည်ထောင်စုသဘောတူညီချက်ရရှိပြီဖြစ် သည်။