တောင်သူလယ်သမားသမဂ္ဂမှ ထိန်းသိမ်းထားသောလယ်ယာမြေ ၁၈၀၀၀ ဧကကျော်အား ပြန်လည်ပေးအပ်နိုင်ရန် ကူညီခဲ့

...

တောင်သူလယ်သမားသမဂ္ဂမှ ထိန်းသိမ်းထားသောလယ်ယာမြေ ၁၈၀၀၀ ဧကကျော်အား ပြန်လည်ပေးအပ်နိုင်ရန် ကူညီခဲ့

Eleven Myanmar, 02 Jul 2018

URL: http://www.elevenmyanmar.com/local/14258
မြန်မာ့ တောင်သူလယ်သမားသမဂ္ဂသည် လွန်ခဲ့သော ၅ နှစ်ကျော်အတွင်းတွင် သိမ်းဆည်းထားသည့် လယ်ယာမြေ ဧက ၁၈၀၀၀ ကျော်အား ပြန်လည်ရရှိရန် ကူညီပေးခဲ့သည်ဟု ဥက္ကဌဖြစ်သူ စုစုနွေးက ပြောခဲ့သည်။

၂၀၁၂ ကနေ ၂၀၁၇ အတွင်း စစ်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေဧက ၁၀၀၀၀ ကျော်ကို ပြန်လည်ရရှိခဲ့ပါတယ်။ ကုမ္ပဏီတွေက သိမ်းဆည်းထားတဲ့ ဧက ၈၀၀၀ ကျော်နဲ့ အာဏာပိုင်တွေက သိမ်း ဆည်းထားတဲ့ တချို့ဧကတွေကိုလည်း ပြန်လည်ပေးအပ်ဖို့ တောင်းဆိုထားပါတယ်။ ဒါကျွန်မတို့ အဖွဲ့အနေနဲ့ အောင်မြင်တဲ့လုပ်ရပ်တစ်ခုပါ ဟု စုစုနွေးက ပြောခဲ့သည်။

သို့သော်လည်း ၎င်းတို့အနေဖြင့် မြေအငြင်းပွားမှုများကို ဖြေရှင်းရာတွင် အခက်အခဲအချို့ရှိခဲ့ပြီး သိမ်းဆည်းထားသောမြေများကို အစိုးရသစ်လက်အောက်တွင် ပြန်လည်ရရှိရန် ကူညီပေးနေသည်။

မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂကို ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် တည်ထောင်ခဲ့ပြီး မြေယာအငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းပေးရန်နှင့် ပိုင်ရှင်များအား သိမ်းဆည်းထားသည့်လယ်များ ပြန်လည် ရရှိ ရန် ကူညီပေးနေသည်။