Myanma Apex Bank မှ စပါးရိတ်သိမ်းရာသီအတွက် တောင်သူလယ်သမား ၇၀၀ ကျော်အား ချေးငွေပေးမည်

...

Myanma Apex Bank မှ စပါးရိတ်သိမ်းရာသီအတွက် တောင်သူလယ်သမား ၇၀၀ ကျော်အား ချေးငွေပေးမည်

Mizzima, 03 Jul 2018

URL: https://www.mmtimes.com/news/myanma-apex-bank-gives-loans-almost-700-farmers-harvesting-season.html
ရှေ့ပြေးစီမံကိန်းတစ်ရပ်အနေဖြင့် Myanma Apex Bank (MAB) နှင့် Myanmar Rice Federation (MRF) မှ တောင်သူလယ်သမားများ ၇၀၀ နီးပါးအား စပါးရိတ်သိမ်းသည့်ရာသီအတွက် ချေးငွေများ ပေးမည် ဖြစ်သည်။

MAB သည် ကာလလတ်ချေးငွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ငါးဖမ်းလုပ်ငန်းတွင် လယ်သမားများအား ၂၀၁၅ ခုနှစ် ဇွန်လကထဲကပင် ချေးပေးခဲ့သည်။ ရိတ်သိမ်းရာသီအတွက် MAB သည် လယ်သမား ၇၉၀ ဦးအား စုစုပေါင်း ကျပ် ၁.၆ ဘီလီယံချေးပေးခဲ့သည်။

ဇွန်လ ၂၉ ရက်နေ့တွင် လယ်သမားများအားချေးငွေများ ပေးအပ်ခဲ့သည်။

MAB သည် ဧရာဝတီတိုင်း၊ ပဲခူး၊ ရန်ကုန်၊ ရခိုင်၊ မန္တလေး၊ စစ်ကိုင်း၊ ကရင်နှင့် နေပြည်တော် စသည်တို့တွင် ရှိသည့် လယ်သမားများအား ချေငွေများ ပေးရန် ရည်ရွယ်သည်။