ဗဟိုသမဝါယမအသင်းအဖွဲ့များမှ ငွေကြေး ရန်ပုံငွေ ကျပ် ၅၅၀ ဘီလီယံ လက်ခံရရှိမည်

...

ဗဟိုသမဝါယမအသင်းအဖွဲ့များမှ ငွေကြေး ရန်ပုံငွေ ကျပ် ၅၅၀ ဘီလီယံ လက်ခံရရှိမည်

Myanmar Times, 04 Jul 2018

URL: https://www.mmtimes.com/news/cooperatives-set-receive-k550-billion-funds.html
လယ်သမားများနှင့် စိုက်ပျိုးရေးကဏ္ဍအတွက် ရန်ပုံငွေ စုစုပေါင်း ကျပ် ၅၅၀ ဘီလီယံအား ဗဟိုသမဝါယမအသင်းအဖွဲ့များထံ ဇူလိုင်လ ၇ ရက်နေ့တွင် ပံ့ပိုးပေးသွားမည်ဖြစ်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ညွှန်ကြာရေးမှူးဖြစ်သူ ဦးမျိုးအောင်က ပြောသည်။

ရန်ပုံငွေများကို ဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဖြူးပေးဝေသွားမည်ဖြစ်ပြီး လယ်သမားများအား ချေးငွေများအဖြစ် ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

စီမံကိန်းအောက်တွင် ငွေကျပ် ၅၄၂.၇၈ ဘီလီယံကို စိုက်ပျိုးရေးကုန်ကျစရိတ်အား လွှမ်းခြုံမှုပြုနိုင်ရန်အတွက် ခွဲဝေချထားပေးခဲ့ပြီး စိုက်ပျိုးရေးကိရိယာများဝယ်ယူရန် ကျပ် ၁.၇ ဘီလီယံ ချေးပေးခဲ့ကာ အစေ့ ထုတ်လုပ်မှုအသင်းများအတွက် ၁.၁၅ဘီလီယံနှင့် စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရန်အတွက် ကျပ် ၇.၁၈ ဘီလီယံ ခွဲဝေချထားပေးခဲ့သည်။