မန္တလေးတိုင်းတွင် ကျေးလက်ဖွံ့ဖြိုးရေး ဦးစားပေးလုပ်ဆောင်မည်

...

မန္တလေးတိုင်းတွင် ကျေးလက်ဖွံ့ဖြိုးရေး ဦးစားပေးလုပ်ဆောင်မည်

Myanmar Times, 04 Jul 2018

URL: https://www.mmtimes.com/news/mandalay-makes-rural-progress-top-priority.html
ဒေသကြီးတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိပ်ဆုံးဦးစားပေးတစ်ရပ်အနေဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်ဦးဇော်မြင့်မောင်က ယခင်အပတ်တွင် ပြောကြားခဲ့ သည်။

ဒေသအစိုးရ၏အားထုတ်မှုအဖြစ် ကျေးလက်ဒေသဖွံ့ဖြိုးမှုကို ဦးတည်ထားကြောင်း၊ ကျေးလက်များတွင် လျှပ်စစ်မီးရရှိရန်နှင့် လမ်းပန်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်စေရန်အတွက် ရည်ရွယ်ကြောင်း ပြောခဲ့သည်။

ဒေသကြီးတွင် ရေရှိရန် စီမံကိန်း ၁၂၈၆ ခုအတွက် ငွေကျပ် ၅၂ ဘီလီယံ ခွဲဝေချထားပေးခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဒေသကြီးအစိုးရက ဒေသကြီးအစိုးရဌာနများအတွက် ရန်ပုံငွေရရှိရန် မန္တလေးတိုင်းအတွက် ဘတ်ဂျက်ငွေ၏ ၃၀ ရာခိုင်နှုန်းကို အသုံးပြုခဲ့ကြောင်း၊ ငွေကြေးအများစုမှာ ကျေးလက်ဒေသများအတွက် အသုံးပြုခဲ့ကြောင်း သိရသည်။