အစိုးရဌာနများတွင် အကျင့်ပျက်ခြစားမှုကာကွယ်တားဆီးရေးယူနစ် ဖွဲ့စည်းမည်

...

အစိုးရဌာနများတွင် အကျင့်ပျက်ခြစားမှုကာကွယ်တားဆီးရေးယူနစ် ဖွဲ့စည်းမည်

The Global New Light of Myanmar, 03 Jul 2018

URL: http://www.globalnewlightofmyanmar.com/corruption-prevention-units-to-be-formed-in-government-departments/
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုကို တားဆီးကာကွယ်ရန်အတွက် အစိုးရဌာနများတွင် အကျင့်ပျက်ခြစားမှုကာကွယ်တားဆီးရေးယူနစ်များ ဖွဲ့စည်းရန် စီစဉ်နေကြောင်း အ ဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ဥက္ကဌဖြစ်သူဦးအောင်ကြည်က ပြောသည်။

ကော်မရှင်သည် အဂတိတားဆီးကာကွယ်ရန်အတွက် ၃ ရပ် လုပ်ဆောင်မည်ဖြစ်သည် -အကျင့်ပျက်ခြစားမှု ကာကွယ်တားဆီးရေးယူနစ်များဖွဲ့စည်းခြင်း၊ ကျင့်ဝတ်များရေးဆွဲခြင်းနှင့် အကျင့်ပျက်ခြစားမှု အန္တရာယ်အကဲဖြတ်အကောင်အထည်ဖော်ခြင်း စသည်တို့ဖြစ်သည်။

ကော်မရှင်သည် ပြည်သူ့နီတိများနှင့်စပ်လျဉ်းသည့် ပညာပေးလှုပ်ရှားမှုများ လုပ်ဆောင်မည်ဖြစ်ပြီး ယင်းကို မူလတန်းပညာရေးတွင် ဘာသာတစ်ရပ်အနေဖြင့်ထည့်သွင်းထားသည်။ ကော်မရှင်သည် သမ္မတ ၏လမ်းညွှန်မှုအရ ရည်ရွယ်ချက်များကို ပိုမိုထိရောက်မှုရှိအောင် ဆောင်ရွက်မည်ဖြစ်သည်။