စိုက်ပျိုးရေးကဏ္ဍကို အဆင့်မြှင့်တင်မည်

...

စိုက်ပျိုးရေးကဏ္ဍကို အဆင့်မြှင့်တင်မည်

Myanmar Times, 20 Jul 2018

URL: https://www.mmtimes.com/news/agri-sector-receive-boost.html
စုစုပေါင်းဘတ်ဂျက်ငွေကျပ် ၃.၁၃၄ ထီရီလီယံကို မြန်မာစိုက်ပျိုးရေးဖွံ့ဖြိုးရေးနည်းဗျူဟာ(ADS) တွင် လာမည့်နောင် ၅ ငါးနှစ် ၂၀၂၃ ခုနှစ်ထိ တိုင်အောင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန(MOALI)မှ အစီရင်ခံခဲ့သည်။

ထိုနည်းဗျူဟာတွင် ထုတ်လုပ်ခြင်း၊ ယှဉ်ပြိုင်မှုနှင့်အုပ်ချုပ်ရေး စသည်တို့ပါဝင်မည်ဖြစ်သည်။ နှစ်စဉ်ဘတ်ဂျက်ခွဲဝေချထားပေးမှုမှာ ၂၀၁၈-၁၉တွင် ၄၉၀ ဘီလီယံကျပ်၊ ၂၀၁၉-၂၀ တွင် ၅၈၀ ဘီလီယမ်ကျပ်၊ ၂၀၂၀-၂၁ တွင် ၆၇၀ ဘီလီယံကျပ်နှင့် ၂၀၂၂-၂၃ တွင် ၆၈၀ ဘီလီယံကျပ်တို့ဖြစ်ကြသည်။

၅၂.၇ ရာခိုင်နှုန်းကို ထုတ်လုပ်မှုအတွက် အသုံးပြုမည်ဖြစ်ပြီး ဆည်မြောင်း၊ ရေအရင်းအမြစ်များ၊ သုတေသနများ၊ ပညာရေး၊ ကောက်ပဲသီးနှံစိုက်ပျိုးခြင်း၊ ကျွဲနွားတိရစ္ဆာန်မွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်း၊ ရာသီ ဥတုပြောင်းခြင်းဖြစ်ပေါ်ပါက ခံနိုင်ရည်ရှိစေရန် စသည်ဖြင့် စီမံကိန်းများပါဝင်သည်။ ၃၃ ရာခိုင်နှုန်းကို ကျေးရွာအစောက်အဦးများ၊ လူထုရပ်ရွာဖွံ့ဖြိုးတိုးတက်မှုများ၊ ကွင်းဆက်ဖွံ့ဖြိုးတိုးတက်မှုများနှင့် အစား အစာဘေးကင်းမှု စသည်တို့တွင် အသုံးပြုမည်ဖြစ်သည်။ ကောင်းမွန်သောအုပ်ချုပ်ရေးအတွက် စုစုပေါင်းရင်းနှီးမြှုပ်နှံငွေ ၁၀.၆ ရာခိုင်နှုန်းကို ခွဲဝေချထားပေးမည်ဖြစ်သည်။ အစိုးရမှ စီမံကိန်း၊ ပူပေါင်း ဆောင်ရွက်ခြင်း၊ ဆက်သွယ်ရေးနှင့် မူဝါဒချမှတ်ခြင်းများ ပြုလုပ်မည်ဖြစ်သည်။

စိုက်ပျိုးရေးအတွက်ဝန်ကြီးဌာန၏ ဘတ်ဂျက်သည် ကျပ်ငွေ ၆.၁၅၄ ထရီလီယံ(ယူအက်စ်ဒေါ်လာ ၄.၅ ဘီလီယံ)ရှိသည်။