မန္တလေး ၊ နေပြည်တော်တွင် စိုက်ပျိုးရေးဇုံများတည်ထောင်ရန် စီမံကိန်းများရေးဆွဲနေ

...

မန္တလေး ၊ နေပြည်တော်တွင် စိုက်ပျိုးရေးဇုံများတည်ထောင်ရန် စီမံကိန်းများရေးဆွဲနေ

Eleven Myanmar, 20 Jul 2018

URL: http://www.elevenmyanmar.com/business/14363
စိုက်ပျိုးရေးအခြေခံသည့်ထုတ်ကုန်များနှင့် ထုတ်ပိုးပြီးကုန်ပစ္စည်းများကို ထုတ်လုပ်ရန်အတွက် မန္တလေးနှင့် နေပြည်တော်တွင် စိုက်ပျိုးရေးဇုံများ တည်ထောင်ရန် စီမံကိန်းများ ရေးဆွဲနေပြီဖြစ်ကြောင်း စိုက်ပျိုး ရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ အဆိုအရ သိရှိရသည်။

မြန်မာနိုင်ငံစိုက်ပျိုးရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့်ရင်းနှီးမြှုပ်နှံမှုအစီအစဉ်တွင် မဟာမဲခေါင်ဒေသခွဲ စိုက်ပျိုးရေးဆိုင်ရာအကူအညီပေးရေးစီမံချက်အဆင့်(၂)အရ ဝန်ကြီးဌာနသည် ထိုကဲ့သို့ စိုက် ပျိုးရေးဆိုင်ရာဇုံများတည်ထောင်ရန် ကတိဝတ်ပြုခဲ့သည်။

ဇုံများကို ဇီဝဓာတ်ငွေ့နှင့်ရေလည်ပတ်မှုအပင်များမှ လျှပ်စစ်မီးလည်ပတ်သည့်စက်များဖြင့် တပ်ဆင်သွားမည်ဖြစ်သည်။

အစီအစဉ်တွင် နယ်စပ်စီးပွားရေးဖွံ့ဖြိုးသည့်စီမံကိန်းများဆက်လက်လုပ်ဆောင်နေသည့် တရုတ်နှင့်ထိုင်းနိုင်ငံရှိ နေရာဒေသများတွင် ဦးစားပေးသင့်ပြီ ဒုတိယဦးစားပေးအနေဖြင့် မန္တလေးနှင့် နေပြည်တော် ကဲ့သို့ အထက်မြန်မာပြည်ဒေသများ၌ လက်ကားစျေးအတွက် လုပ်ဆောင်မည်ဖြစ်သည်။

လက်ကားစျေးကို မန္တလေးတွင် စတင်ဆောက်လုပ်နေပြီဖြစ်ပြီး နေပြည်တော်တွင် နောက်ထပ်တစ်ခု ဆောက်လုပ်ရန် စီစဉ်နေပြီဖြစ်သည်။