ငွေကြေးမတတ်နိုင်သောအောက်ခြေလူတန်းစားများအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အစိုးရ စီစဉ်

...

ငွေကြေးမတတ်နိုင်သောအောက်ခြေလူတန်းစားများအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အစိုးရ စီစဉ်

Myanmar Times, 23 Jul 2018

URL: https://www.mmtimes.com/news/govt-streamline-free-healthcare-poor-people.html
အစိုးရသည် နိုင်ငံတော်ဆိုင်ရာစီမံချက်အောက်၌ အခြေခံလူတန်းစားများအတွက် အခမဲ့အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးရန် စီစဉ်မည်ဖြစ်ကြောင်း အထက်တန်းအရာရှိသူတစ်ဦးက ပြောခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ထိုစီမံကိန်းကို အကောင်အထည်ဖော်နေပြီဖြစ်ပြီး ယမန်နှစ်ကပင်စတင်ဆောင်ရွက်နေပြီဖြစ်ကာ ၂၀၂၁ ခုနှစ်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

စီမံကိန်းမန်နေဂျာဖြစ်သူ ဒေါက်တာသန့်စင်ထူးက ဆင်းရဲသောသူများအတွက် အခမဲ့ပေးနိုင်သည့် ကျန်းမာရေးဝန်ဆောင်မှုအမျိုးအစားများကို တာဝန်ရှိသူများက ဆုံးဖြတ်ချမှတ်ကြောင်း ပြောခဲ့သည်။

အစိုးရ၏ကျန်းမာရေးစောင့်ရှောက်မှုစနစ်တိုးတက်ကောင်းမွန်စေရန်အတွက် ထိုအခမဲ့စနစ်သည် ရေရှည်ဖြစ်မဖြစ်မသေချာသေးသောကြောင့် အာဏာပိုင်များမှ အခမဲ့ဝန်ဆောင်မှုပေးခြင်းကို အကန့်အကတ် ပြုလုပ်ရန်လိုအပ်သည်။ ဆေးရုံများနှင့် ကျန်းမာရေးစင်တာများတွင် ပျမ်းမျှအားဖြင့် ဝန်ဆောင်မှု အမျိုးအစား ၁၅၀ ခုကို အခမဲ့အဖြစ် အခြေခံဝန်ဆောင်မှုများတွင် ၂၀၂၀ ခုနှစ်၌ ထည့်သွင်းနိုင်ရန် မျှော်မှန်း ထားသည်ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ပိုမိုကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်သည့်ဝန်ဆောင်မှုများရရှိရန်အတွက် လိုအပ်ချက်(၄)မျိုးမှာ ကျန်းမာရေးအဆောက်အုံ၊ လူ့အရင်းအမြစ်များ၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ ရန်ပုံငွေ စသည်တို့ဖြစ်သည်။

စီမံကိန်းအကောင်းအထည်ဖော်မှုဆိုင်ရာလှည့်လည်စစ်ဆေးရေးဌာန၏အဆိုအရ ကျန်းမာရေးစင်တာ ၈၀၀ နှင့် ဆေးပေးခန်းများကို ယမန်နှစ်က ပြန်လည်ပြုပြင်ခဲ့ကြောင်းသိရသည်