ပုဂ္ဂလိကကျောင်းများကို အသိအမှတ်ပြုရန် ကျွမ်းကျင်သူများတိုက်တွန်း

...

ပုဂ္ဂလိကကျောင်းများကို အသိအမှတ်ပြုရန် ကျွမ်းကျင်သူများတိုက်တွန်း

Myanmar Times, 23 Jul 2018

URL: https://www.mmtimes.com/news/experts-urge-accreditation-plan-private-schools.html
မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကိုယ်ပိုင်စာသင်ကျောင်းများ ခိုင်မာလာစေရန်အတွက် မတူကွဲပြားသည့် ပုဂ္ဂလိကစာသင်ကျောင်းများကို အသိအမှတ်ပြုသည့်စီမံချက်လိုအပ်ကြောင်း ပညာရေးကျွမ်းကျင်သူများက ပုဂ္ဂလိ ကပညာရေးမူကြမ်းဥပဒေရေးဆွဲခြင်း ဆွေးနွေးသည့် အစည်းအဝေးတွင် ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကပညာရေးကို မြှင့်တင်ရန်အတွက် အသိအမှတ်ပြုသည့် နိုင်ငံတကာစနစ်များကို အဖွဲ့အစည်းများမှ လေ့လာရန် လိုအပ်ကြောင်း ဝိဇ္ဇာနှင့်သိပ္ပံပါရမီကျောင်း၏ အလုပ်အမှုဆောင် ဦးကျော်မိုး ထွန်းကပြောသည်။

ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံနေထိုင်ကြပါတယ်။ တိုင်းရင်းသားဒေသတွေမှာ ကိုယ်ပိုင်စာသင်ကျောင်းတွေအများကြီးရှိတာ တွေ့ရပါတယ်။ ဒီလိုစာသင်ကျောင်းတွေကို ဘယ်လိုအသိအမှတ်ပြု ပေးမှာ လဲ။ ရေရှည်အသိအမှတ်ပြုပေးတဲ့စနစ်ကို တည်ထောင်ဖို့အတွက် ကျွန်တော်တို့ နိုင်ငံတကာကျင့်သုံးနေတာတွေကို လိုက်ပါလုပ်ဆောင်ရပါမယ်ဟု ၎င်းက ပြောသည်။

ကိုယ်ပိုင်စာသင်ကျောင်းများကဏ္ဍအား အသိအမှတ်ပြုပေးသည့်စနစ်ကို တည်ထောင်ရန်အတွက် ဥပဒေတစ်ရပ်လိုအပ်သည်။ အမျိုးသားပညာရေးဥပဒေကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် ပြဌာန်းခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန်လတွင် ပြန်လည်ပြင်ဆင်ခဲ့သည်။ ပညာရေးဝန်ကြီးဌာနသည် အခြေခံ၊ အဆင့်မြင့်၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းအတွက် ဥပဒေများကို ရေးဆွဲခဲ့ပြီး ကိုယ်ပိုင်ပညာရေးအတွက်ဥပဒေကို လွှတ် တော်သို့ မတင်ပြမီ ပြန်လည်သုံးသပ်နေဆဲဖြစ်သည်။ အစိုးရသည် နိုင်ငံ၏ပညာရေးအရည်အသွေးကောင်းမွန်လာစေရန်အတွက်အသိအမှတ်ပြုခြင်းနှင့်အရည်အသွေးအာ မခံချက်ကော်မတီကို ဖွဲ့စည်းခဲ့သော် လည်း ကိုယ်ပိုင်ပညာရေးစနစ်မပါဝင်ဟု Crown Education မှ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးအောင်ကျော်ဆန်းကပြောခဲ့သည်။ စာရင်းအင်းနဲ့ အင်ဂျင်နီယာဘာသာရပ်အတွက် ကိုယ်ပိုင်လေ့ကျင့်ရေး ကျောင်း တွေ အများအပြားရှိနေပေမယ့် ဥပဒေကြမ်းမှာ ဒီကျောင်းတွေရဲ့အရည်အသွေးကို ဘယ်လိုထိန်းချုပ်မယ်ဆိုတာတော့ ရေးထားတာမတွေ့ကြောင်း သူကပြောခဲ့သည်။

ဧပြီ ၂၀ ရက်နေ့တွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် နိုင်ငံခြားသားများကို မြန်မာနိုင်ငံတွင် အပြည့်အဝရင်းနှီးမြှုပ်နှံခွင့်ပြုခဲ့ပြီး ၎င်းတို့သည် စာသင်ကျောင်းများကို ပိုင်ဆိုင်ခွင့်နှင့်လည်ပတ်ခွင့်ပေးခဲ့ပြီး ပညာ ရေးဝန်ကြီးဌာနမှ၏ သင်ရိုးများ (သို့) နိုင်ငံတကာပညာရေးပရိုဂရမ်များကို သင်ကြားပေးနိုင်သည်။