ကုန်တိုက်နှင့် ထိုင်းကျန်းမာရေးအဖွဲ့ပူးပေါင်း၍ ရန်ကုန်တွင် ဆေးရုံသစ် ဖွင့်လှစ်မည်

...

ကုန်တိုက်နှင့် ထိုင်းကျန်းမာရေးအဖွဲ့ပူးပေါင်း၍ ရန်ကုန်တွင် ဆေးရုံသစ် ဖွင့်လှစ်မည်

Myanmar Times, 24 Jul 2018

URL: https://www.mmtimes.com/news/mall-operator-thai-healthcare-group-launch-yangon-hospital-high-demand.html
အရည်အသွေးမြင့်မားသည့် အဆင့်အတန်းရှိကျန်းမာရေးစောင့်ရှောက်မှုများကို လူအများမှ လိုအပ်နေသောကြောင့် မြန်မာ့ကုန်တိုက်တစ်ခုဖြစ်သည့် ဂမုန်းပွင့်ကုန်တိုက်ကုမ္ပဏီသည် ထိုင်းနိုင်ငံသွန်ဘူရီ ကျန်းမာရေးအုပ်စုနှင့် ပူပေါင်း၍ ဆေးရုံသစ်တစ်ခုစတင်ဖွင့်လှစ်ရန်အတွက် ပူးပေါင်းဆောင်ရွက် နေပြီဖြစ်သည်။

သြဂုတ်လလယ်တွင် ဖွင့်လှစ်မည့် ယူအက်စ်ဒေါ်လာ သန်း ၇၀ ရင်းနှီးမြှုပ်နှံထားသည့် ဆေးရုံသစ်သည် ကုမ္ပဏီနှစ်ခုလုံးအတွက် ပထမဆုံးအကြိမ် စီမံကိန်းလည်းဖြစ်သည်။ အာယုဆေးရုံသည် အထွေထွေဆေး ရုံအဖြစ်တည်ရှိမည်ဖြစ်ပြီး နှလုံးအထူးကုနှင့် ဦးနှောက်နှင့်အာရုံကြောပါရဂူများလည်း ပါရှိမည်ဖြစ်သည်။

အရင်ကွင်းဆင်းလေ့လာတုန်း မြန်မာနိုင်ငံက ပြည်သူတွေက ဆေးရုံကြီတွေမှာ လာပြီးစမ်းသပ်စစ်ဆေးတာတွေ၊ စပါယ်ရှယ်လစ်နဲ့လာရောက်တိုင်ပင်တာတွေထက် ဆေးဆိုင်တွေမှာ ဆေးဝယ်နေတာကို တွေ့ရ ပါတယ်ဟု အာယုအပြည်ပြည်ဆိုင်ရာဆေးရုံမှ စီအီးအိုဖြစ်သူ Dr Watson Aphiwatanakoon က ပြောသည်။

ယခုအခါ မှန်ကန်သည့်ရောဂါကုသမှုများကိုရရှိနိုင်မည်ဖြစ်ပြီး ဆေးရုံရောက်နောက်ကျမှုကြောင့် အန္တရယ်ဖြစ်မှုကိုလည့် လျော့နည်းစေမည်ဖြစ်သည်။ ဆေးရုံသစ်သည် နိုင်ငံခြားတွင် ဆေးကုသမှုလာရောက် ခံယူကြသည့်လူနာများကိုလည်း ပစ်မှတ်ထားမည်ဖြစ်သည်။