ဝေးလံခေါင်သီသည့် ဒေသများတွင် အခြေခံဆက်သွယ်ရေးရရှိရန် ဆောင်ရွက်မည်

...

ဝေးလံခေါင်သီသည့် ဒေသများတွင် အခြေခံဆက်သွယ်ရေးရရှိရန် ဆောင်ရွက်မည်

Myanmar Times, 25 Jul 2018

URL: https://www.mmtimes.com/news/plan-foresees-telecoms-remote-areas.html
ဆက်သွယ်ရေးကွန်ရက်လွှမ်းခြုံမှုရှိစေရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ ဝေးလံခေါင်သီသော ဒေသများတွင် အခြေခံ ဆက်သွယ် ရေးရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြော ကြားလိုက်သည်။

လက်ရှိတွင် ဆက်သွယ်ရေးအော်ပရေတာများမှ ထည့်ဝင်မည့် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့် ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေ( Universal Service Fund )ဖြင့် ဝေးလံခေါင်သီသောဒေသများတွင် အခြေခံ ဆက် သွယ်ရေးရရှိနိုင်ရန် စီမံဆောင်ရွက်နေပြီး ထိုရန်ပုံငွေတည်ထောင်ပြီးသည့် အချိန်မှသာ ဦးစားပေးအ ဆင့်လိုက် ဆောင်ရွက်ပေးသွားမည်ဟု ၄င်းက ဆိုသည်။

“အခြေခံဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေရဲ့ သတ်မှတ်စည်းကမ်းများနဲ့အညီ ဆက်သွယ်ရေး ကွန်ရက် လွှမ်းခြုံနိုင်မှုမရှိသေးတဲ့ နေရာဒေသများသို့ ဆက်သွယ်မှုရရှိနိုင်ရေးအတွက် ဦးစား ပေးအဆင့်အလိုက် ညှိနှိုင်းဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ် ” ဟု ၄င်းက ပြောသည်။

အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းရေး မဟာဗျူဟာမူကြမ်းကို ဇွန်လ ၁၂ရက်နေ့ တွင် ပြုလုပ်ခဲ့သည့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေး၌ တင်ပြထားပြီး ဥပဒေရေးထုံးများကို ရှေ့နေချုပ်ရုံးနှင့် ညှိနှိုင်း တိုင်ပင်ကာ အစိုးရအဖွဲ့ထံ ဆက်လက် တင်ပြတော့မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆက်သွယ်ရေးဥပဒေနှင့် သက်ဆိုင်ရာ နည်းဥပဒေများအရ ထုတ်ပြန်သည့် မူဝါဒ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတို့ကို အများပြည်သူများ သိသာလေ့လာပြီး သဘောထားမှတ်ချက်များ ပေးနိုင်ရန်အတွက် Public Consulationsများ ပြုလုပ်သည့်အပြင် ဝန်ကြီးဌာန၏ Websiteတွင်လည်း ဖော်ပြ၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။