တောင်ဒဂုံတွင် နည်းပညာကျောင်း တည်ဆောက်မည်

...

တောင်ဒဂုံတွင် နည်းပညာကျောင်း တည်ဆောက်မည်

Myanmar Times,, 26 Jul 2018

URL: https://www.mmtimes.com/news/technical-institute-be-built-south-dagon.html
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံတွင် နည်းပညာကျောင်းတည်ဆောက်မည့် စီမံကိန်းတစ်ရပ်ကို အတည်ပြုလိုက်ပြီဖြစ်ပြီး ထိုစီမံကိန်းအတွက်ရန်ပုံငွေသည် နောင်၅ နှစ်အတွက် တောင်းခံထားသည့်ရန်ပုံငွေပါ ဝင်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ အမတ်က ပြောခဲ့သည်။

ပြည်သူ့လွှတ်တော်ရှိ တောင်ဒဂုံအမတ်ဦးအေးနိုင်က အသက်မွေးဝမ်းသင်တန်းကျောင်းတွင် လူငယ်များ ၎င်းတို့မြို့နယ်ရှိ စက်မှုဇုန်များ၌ အလုပ်ရရှိရန်လိုအပ်သည့် ကျွမ်းကျင်မှုများကို သင်ကြားပေးမည်ဖြစ် ကြောင်းပြောခဲ့သည်။ ကျွမ်းကျင်တဲ့လူငယ်တွေဆို အလုပ်အကိုင်အခွင့်အလမ်းပိုများတာပေါ့ ဟု ၎င်းကပြောသည်။ မြို့နယ်ရှိ ၁၅ ရပ်ကွက်၏ လှော်ကားလမ်းမကြီးနှင့် ဂရုဏာလမ်းကြီးလမ်းဆုံတွင် သင်တန်း ကျောင်းဆောက်လုပ်မည်ဖြစ်ပြီး လွှတ်တောမှ ဘတ်ဂျက်ကို အတည်ပြုပြီးပါက ယခုနှစ်ကုန်တွင် စတင်ဆောက်လုပ်မည်ဖြစ်သည်။

ဒေသကြီးအစိုးရသည် သင်တန်းကျောင်းတွင် စာသင်ခန်းများ ၊ အလုပ်ရုံနေရာများ၊ အိပ်ဆောင်များနှင့် အလုပ်သမားအဆောင်များအတွက် မာစတာစီမံကိန်းအကြမ်းရေးဆွဲနေသည်။

နည်းပညာနှင့်အသက်မွေးဝမ်းကျောင်းသင်တန်းဌာနသို့ တရားဝင်မြေပေးပြီးသည်နှင့် အဆောက်အဦး၊ ဝန်ထထမ်းနှင့် သင်ကြားရေးပစ္စည်းများကို ဘဏ္ဍနှစ်တစ်ခုစီအလိုက် တောင်းခံသွားမည်ဖြစ်သည်။