ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်မှခရီးသွားများ ပြည်ဝင်ခွင့်ဗီဇာ ဖြေလျှော့မည်

...

ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်မှခရီးသွားများ ပြည်ဝင်ခွင့်ဗီဇာ ဖြေလျှော့မည်

Eleven Myanmar, 26 Jul 2018

URL: http://www.elevenmyanmar.com/local/14408
ယခုနှစ်အောက်တိုဘာ ၁ ရက်မှစတင်၍ ပြည်တွင်းသို့လာရောက်လည်ပတ်မည့် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံသားခရီးသွားများ အား ဗီဇာကင်းလွတ်ခွင့်နှင့် တရုတ်နိုင်ငံသား ခရီးသွားများအား ဆိုက် ရောက်ဗီဇာဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့် ပြုမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ် ပြန်ထားသည်။

သာမန်နိုင်ငံကူးလက်မှတ်ကိုင် ဆောင်သော ဂျပန်နှင့်တောင် ကိုရီးယားနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များကို လာမည့် အောက်တို ဘာ ၁ ရက်မှစတင်၍ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ စမ်းသပ် ကာလ တစ်နှစ်သတ်မှတ်၍ ဗီဇာအခမဲ့ဖြင့် လာရောက် လည် ပတ်ခွင့်ပေးမည်ဟု သိရသည်။

ယင်းကဲ့သို့ ဝင်ရောက်ခွင့်ပြုရာတွင် အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်အဖြစ် သတ်မှတ်ထားသည့် ရန်ကုန်၊ မန္တလေး၊ နေပြည် တော်လေဆိပ်များနှင့် မြန်မာ-ထိုင်း နယ်စပ်ဂိတ် များဖြစ်သည့် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ထီးခီးနယ် စပ်ဂိတ်များမှ ဝင်ရောက်၊ထွက်ခွာခွင့်ပြုမည်ဖြစ်ပြီး၊ သက်ဆိုင် ရာဝင်ပေါက်တွင် Show Money အဖြစ် အမေရိကန်ဒေါ်လာ ၁၀ဝ၀ပြသနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်းသိ ရသည်။

ထို့အတူ သာမန်တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ ဟောင်ကောင်နှင့်မကာအိုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နိုင်ငံသားများအပါအဝင် တရုတ်နိုင်ငံသားများကို အပြည်ပြည်ဆိုင်ရာ လေဆိပ်များဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် လေဆိပ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ လေကြောင်းခရီး စဉ်ဖြင့် ဝင်ရောက် ခွင့်ပြုမည်ဖြစ်သည်။

သို့ဖြစ်ရာ ဆိုက်ရောက်ဗီဇာ အခငွေ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀ ကို လေဆိပ်တွင် ကောက်ခံ၍ Show Money အဖြစ် အမေရိကန်ဒေါ်လာ ၁၀ဝ၀လေဆိပ်တွင် ပြသနိုင်ရမည်ဖြစ်ပြီး အပြည်ပြည်ဆိုင် ရာလေဆိပ်များမှပင် ပြန်လည်ထွက်ခွာရမည်ဖြစ် ကြောင်း သိရသည်။