ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများမှ အလုပ်အကိုင် ၁၆၀၀၀ နီးပါးဖန်တီးပေးနိုင်ခဲ့

...

ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများမှ အလုပ်အကိုင် ၁၆၀၀၀ နီးပါးဖန်တီးပေးနိုင်ခဲ့

Eleven Myanmar, 28 Jul 2018

URL: http://www.elevenmyanmar.com/business/14414
မေလနှင့်ဇွန်လနှောင်းပိုင်းတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများမှ အလုပ်အကိုင်၁၆၀၀၀နီးပါးဖန်တီးပေးနိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ် နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ပြောကြားချက်အရ သိရှိရ သည်။

မေလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ အလုပ်အကိုင် ၈၈၆၆ ခု ဖန်တီးပေးနိုင်ခဲ့ပြီး ဇွန်လတွင် အလုပ်အကိုင် ၄၄၁၅ ခု ဖန်တီးပေးနိုင်ခဲ့သည်၊ မေလတွင် ပြည်တွင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှုများမှ အလုပ်အ ကိုင် ၁၇၆၆ ခုဖန်တီးပေးနိုင်ခဲ့ပြီး ဇွန်လတွင် ၉၉၃ ခုဖန်တီးပေးနိုင်ခဲ့သည်။

ယခု နှစ်လအတွင်း စက်မှုကဏ္ဍတွင် အမြင့်ဆုံးရင်းနှီးမြှုပ်နှံမှု ယူအက်စ်ဒေါ်လာ ၂၅၄ သန်းရှိပြီး အခြားကဏ္ဍများတွင် ယူအက်စ်ဒေါ်လာ ၇၁ သန်းကျော်ရှိကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြော သည်။

ဘတ်ဂျက်အသေးစားကာလ (ဧပြီမှ စက်တင်ဘာလ) အတွင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုထာသည့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုများသည် မေလတွင် ငွေကျပ် ၃၀၀၈၄.၉၀၂ သန်း ရင်းနှီးမြှုပ်နှံခဲ့ပြီး နှင့် ဇွန်လတွင် ငွေကျပ် ၃၅၅၉၆.၀၉၀သန်း ရင်းနှီးမြှုပ်နှံမှုရှိကြောင်း ကြေငြာခဲ့သည်။

နှစ်လအတွင်း ဒေသခံများအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှ အလုပ်အကိုင်ဖန်တီးပေးမှုသည် လယ်ယာကဏ္ဍတွင် ၄၀ခု ၊ စက်မှုကဏ္ဍတွင် ၁၂၉၄၀ ခုနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍတွင် ၁၈ ခုနှင့် အခြားကဏ္ဍများတွင် ၂၈၃ ခု ရှိကြောင်း သိရှိရသည်။