သီလဝါအထူးစက်မှုဇုန်တွင် နိုင်ငံပေါင်း ၁၇ ခုမှ ကုမ္ပဏီ ၈၉ ခုလာရောက် ရင်းနှီးမြှုပ်နှံ

...

သီလဝါအထူးစက်မှုဇုန်တွင် နိုင်ငံပေါင်း ၁၇ ခုမှ ကုမ္ပဏီ ၈၉ ခုလာရောက် ရင်းနှီးမြှုပ်နှံ

Eleven Myanmar, 30 Jul 2018

URL: http://www.elevenmyanmar.com/business/14427
သီလဝါအထူးစက်မှုဇုန်တွင် နိုင်ငံပေါင်း ၁၇ ခုမှ ကုမ္ပဏီ ၈၉ ခုလာရောက် ရင်းနှီးမြှုပ်နှံကြပြီး ဇုန် ဘီ တည်ဆောက်မှုတွင် ဆောက်လုပ်ရေးမှာ ယခုနှစ်ကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

သီလဝါစက်မှုဇုန်သည် ရန်ကုန်မြို့တော် အရှေ့တောင်ပိုင်း ၁၄ မိုင်အကွာတွင်တည်ရှိပြီး မြေ ၂၄၀၀ ဧကပေါ်တွင် ဆောက်လုပ်ထားခြင်းဖြစ်သည်။

ယခုချိန်ထိ ဇုန် အေတွင် ယူအက်စ်ဒေါ်လာ ၁.၃၇၄ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီးပြီဖြစ်သည်။ ဇုန် ဘီမှာ ဆောက်လုပ်နေဆဲဖြစ်ပြီး ဂျပန်နှင့် စင်ကာပူနိုင်ငံများသည် အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူများဖြစ်သည်ဟု သီလဝါစီမံခန့်ခွဲရေးကော်မတီက ဆိုသည်။

"စီးပွားရေးလုပ်ငန်း ၉၃ ခုကို ပါမစ်ထုတ်ပေးထားပါတယ်၊ ဇုန်မှာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ယူအက်စ်ဒေါ်လာ ၁.၃၇၄ ဘီလီယံရှိပါတယ်။ ဒီစီးပွားရေးလုပ်ငန်းတွေက ဇုန် အေနဲ့ ဘီ နှစ်ခုစလုံးမှာ ရှိပါတယ်။ ၇ ခုက ဇုန်ဘီကပါ " ဟု စီမံခန့်ခွဲရေးကော်မတီ ဒုတိယဥက္ကဌ ဒေါ်ချိုချိုဝင်းကပြောသည်။

ဇုန်တွင် ဂျပန်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ၄၈ ခုရှိကြောင်း သူမကပြောသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏အဆိုရ သီလဝါစက်မှုဇုန်တွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ယူအက်စ်ဒေါ်လာ ၄၀၁ သန်း လာရောက်ရင်းနှီးမြှုပ်နှံခဲ့သည်၊ ထိုထဲတွင် ဂျပန်နှင့် စင်ကာပူသည် ၆၀ ရာခိုင်နှုန်းကျော် မြှုပ်နှံပါဝင်သည်။