တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ တိုင်းရင်းသားညီလာခံ ကျင်းပမည်

...

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ တိုင်းရင်းသားညီလာခံ ကျင်းပမည်

Eleven Myanmar, 23 Jul 2018

URL: http://www.elevenmyanmar.com/politics/14381
စတုတ္ထအကြိမ်ပင်လုံညီလာခံမတိုင်မီ တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါဝင်သည့် တိုင်းရင်းသားညီလာခံတစ်ရပ်ကျင်းပရန် စတင် အစီအစဉ် ရေးဆွဲနေပြီးဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားညီလာခံကို ယခုနှစ် ဇူလိုင် သို့ သြဂုတ်လတွင် ကျင်းပရန် စီစဉ်ထားသော်လည်း တတိယအကြိမ်ညီလာခံသည် ယခုတွင် ကျင်းပသွားသောကြောင့် နဂိုစီစဉ်ထားသည့်အတိုင်း မဖြစ်လိုက်ပေ။

"ကျွန်တော်တို့အဆင့် ၂ဆင့် အနေနဲ့ဆွေးနွေးဖို့ရှိပါတယ်။ ပထမအဆင့်က NCA ထိုးထားတဲ့အဖွဲ့တွေနဲ့ဖြစ်ပြီး ဒုတိယအဆင့်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ရဖို့ပဲဖြစ်ပါတယ်။

စတုတ္ထအကြိမ်ပင်လုံညီလာခံမတိုင်ခင် ပြုလုပ်သွားဖို့ရှိရပါတယ် " ဟု NCA ထိုးထားသည့်ချင်းအမျိုးသားတပ်ဦးမှ ဒုတိယဥက္ကဌဖြစ်သူ Dr Salai Lian Hmung Sakhong က ပြောသည်။

လက်မှတ်ရေးထိုးထားသည့်အဖွဲ့အားလုံးသည် ၎င်းတို့ရင်ဆိုင်ရသည့်အခက်အခဲများကို ဆွေးနွေးအဖြေရှာရန်အတွက် ညီလာခံအတွင်းဆွေးနွေးသွားရန် စီစဉ်ထားသည်။

လက်မှတ်မထိုးရသေးသည့်အဖွဲ့များကို NCA လက်မှတ်ရေးထိုးရန်အတွက် နည်းလမ်းရှာဖွေရန် အစီအစဉ်များလည်း ပါဝင်သည်။

ယခင်က တိုင်းရင်းသားညီလာခံကို ချင်းမိုင်တွင်ကျင်းပခဲ့သည်။ သို့သော်လည်း ယခုအခါအတွက် မည်သည့်နေရာတွင် ကျင်းပမည်ဆိုသည်ကို ပြောကြားမှု မရှိသေးပေ။