UEC မှ ကြားဖြတ်ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများကို သြဂုတ်လတွင် ကြေငြာမည်

...

UEC မှ ကြားဖြတ်ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများကို သြဂုတ်လတွင် ကြေငြာမည်

Eleven Myanmar,, 28 Jul 2018

URL: http://www.elevenmyanmar.com/politics/14412
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများစာရင်းကို သြဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း UEC ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမြင့်နိုင်က ပြောသည်။

နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်း ၆၉ ဦးရှိပြီး တသီးပုဂ္ဂလဝင်ပြိုင်သူ ၇ ဦးရှိကြောင်း UEC က ပြောသည်။

ကိုယ်စားလှယ်လောင်းအကုန်လုံးက ကြားဖြတ်ရွေးကောက်ပွဲအတွက် အရည်အချင်းပြည့်မီကြပါတယ်။ ကိုယ်လစားလှယ်လောင်းစာရင်းကို သက်ဆိုင်ရာမြို့နယ်တွေက ကော်မရှင်ရုံးခွဲတွေမှာ ကြေငြာပါမယ် ဟု UEC ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမြင့်နိုင်က ပြောသည်။

UEC မှ ကြားဖြတ်ရွေးကောက်ပွဲအတွက် သတ်မှတ်ချက်နှင့်ပြည့်မီသည့် မဲဆန္ဒရှင်စာရင်းကို ဇူလို ၉ ရက်မှ ၂၂ ရက်နေ့ထိ ပထမဆုံးအကြိမ်အဖြစ်ကြေငြာခဲ့သည်။ အောက်တိုဘာလတွင် UEC မှ ဒုတိယ အကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းကို ၂ ပတ်တာ ကြေငြာမည်ဖြစ်သည်။ ယခုအချိန်ထိ ထုတ်ပြန်ထားသည့်မဲဆန္ဒရှင်စာရှင်စာရင်းနှင့်ပတ်သတ်၍ တိုင်ကြားမှုများမရှိကြောင်း UEC က ပြောသည်။