မလေးရှားကုမ္ပဏီများမှ မြန်မာအလုပ်သမားများကို ပွဲစားခမယူဘဲ တိုက်ရိုက်ငှားရမ်း

...

မလေးရှားကုမ္ပဏီများမှ မြန်မာအလုပ်သမားများကို ပွဲစားခမယူဘဲ တိုက်ရိုက်ငှားရမ်း

Myanmar Times, 01 Aug 2018

URL: https://www.mmtimes.com/news/malaysian-companies-hire-myanmar-workers-directly-without-broker-fees.html
မလေးရှားမှစက်ရုံများသည် အလုပ်သမားပြတ်လပ်မှုကြောင့် မြန်မာအလုပ်သမားများကို ပွဲစားခမပေးစေဘဲ တိုက်ရိုက်ငှားရမ်းနေပြီဖြစ်ကြောင်း မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ အသင်းချုပ်က ပြောကြားခဲ့သည်။

မလေးရှားမှုအလုပ်ရှင်များသည် မြန်မာအလုပ်သမားများအား ခေါ်ယူခ အခမဲ့ဖြင့် တိုက်ရိုက်ငှားရမ်းနေပြီဖြစ်ပြီး မလေးကျွန်းဆွယ်တွင် အလုပ်သမားတိုးလာရန် ဦးဆောင်နေကြောင်း အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးကျော်ဇောက Myanmar Times သို့ အင်္ဂါနေ့တွင် ပြောခဲ့သည်။

နီပေါမှ မလေးရှားသို့ အလုပ်သမားစေလွှတ်ခြင်းကို တားမြစ်ထားပြီး မလေးရှားမှ ဘင်္ဂလားဒေ့ရှအလုပ်သမားများကို တားမြစ်ထားသောကြောင့် ရာနှင့်ချီသောမြန်မာအလုပ်သမားများကို မလေးရှားနိုင်ငံသို့ စေလွှတ်နိုင်ရန်မျှော်မှန်းထားကြောင်း အသင်းချုပ်၏ အဖွဲ့ဝင်များက ဆိုသည်။ သို့သော်လည်း မြန်မာ့ရွှေ့ပြောင်းအရေးလှုပ်ရှားသူများနှင့် မလေးရှားရှိ အလုပ်သမားများက မြန်မာအလုပ်သမားများအား မလေးရှားသို့ မလာရောက်ကြရန် သတိပေးကြသည်၊ အဘယ်ကြောင့်ဆိုသော် အလုပ်ခွင်တွင် ဘေးကင်းမှုအခြေအနေမရှိခြင်း၊ လုပ်ခနည်းခြင်းနှင့် အစိုးရမှ တရားမဝင်လာရောက်နိုင်ငံခြားသားအလုပ် သမားများကို ဖြိုခွဲနေသောကြောင့်ဖြစ်သည်။ ၎င်းတို့အား အခြားနိုင်ငံများတွင် သွားရောက်လုပ်ကိုင်ကြရန် အကြံပေးခဲ့ကြသည်။