အစိုးရမှ တိုင်းရင်းသားဘာသာပြဆရာ/မများအား အမြဲတမ်းခန့်အဖြစ် တိုးမြှင့်ခန့်ထားမည်

...

အစိုးရမှ တိုင်းရင်းသားဘာသာပြဆရာ/မများအား အမြဲတမ်းခန့်အဖြစ် တိုးမြှင့်ခန့်ထားမည်

Myanmar Times, 02 Jul 2018

URL: https://www.mmtimes.com/news/govt-promote-ethnic-language-teaching-assistants.html
ပညာရေးဝန်ကြီးဌာနသည် အစိုးရကျောင်းများရှိ တိုင်းရင်းသားဘာသာပြ သင်ကြားရေးလက်ထောက်ဆရာ/မအား ၎င်းတို့မှ ဘွဲ့ရပြီးပါက အမြဲတမ်းခန့်အဖြစ်သို့ တိုးမြှင်းပေးရန် စီစဉ်နေသည်ဟု တိုင်းရင်း သား စာပေနှင့် ယဉ်ကျေးမှုဌာန၏ အဆိုရ သိရှိရသည်။

သင်ကြားရေးလက်ထောက်များကို သင်ကြားရေးလုပ်ငန်းစဉ်များနှင့်တိုးတက်လာစေရန်၊ အခြေခံပညာရေးအတွက်ထိ ရောက်မှုရှိစေရန်နှင့် တိုင်းရင်းသားဒေသများတွင် ကျောင်းထွက်နှုန်းရပ်တန့်စေရန် အတွက် အခြေခံပညာရေးဌာနက ငှားရမ်းခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ဝန်ကြီးဌာနသည် တိုင်းရင်းသားဘာသပြသင်ကြားရေးလက်ထောက် ၅၂၀၀ဦး နီးပါးကို အချိန်ပိုင်းစေတနာ့ဝန်ထမ်းအဖြစ် ငှားရမ်းခဲ့ပြီး တစ်လလျှင် ကျပ် ၃၀၀၀၀ ပေးခဲ့ သည်။

“ပညာရေးဝန်ကြီးဌာနက သင်တန်းပြီးတဲ့နောက် ဘွဲ့ရတဲ့သူတွေကို အမြဲတမ်းခန့်ဆရာများအဖြစ် တိုးမြှင့်ပေးခဲ့ပါတယ်” ဟု တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦး ဝင်းနိုင်ကပြောခဲ့သည်။ ဒေသကြီးလွှတ်တော်၏အတည်ပြုမှုဖြင့် ဝန်ကြီးဌာနသည် တိုင်းရင်းသားဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံပညာရေးစာ သင်ကျောင်းများ တွင် တိုင်း​ရင်းသားစာပေကို ၂၀၁၃ ခုနှစ်တွင် စတင်သင်ကြားပေးခဲ့သည်။