၂ နှစ်တာ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် စတင်

...

၂ နှစ်တာ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် စတင်

Mizzima, 09 Aug 2018

URL: https://www.bnionline.net/en/news/two-years-maternal-and-child-health-care-program-launched
အစ္စရေးသံရုံးနှင့် Tel Aviv Sourasky Medical Centerမှ အစ္စရေးဆရာဝန်များ၏ ပံ့ပိုးကူညီပေးမှုဖြင့် Tag International Development (TAG)၊Rotary Club of Yangon &@Rotary Club of Vashon နှင့် the Pindaya အထွေထွေဆေးရုံတို့သည်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျေးရွာ ၁၃၈ ရွာကို မိခင်နှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်စေရန်အတွက် ရှေ့ပြေးစီမံကိန်းအဖြစ် နို့ရည်တစ်စက် စီမံကိန်းကို ၂နှစ်လုပ်ဆောင်မည် ဖြစ် သည်။

စီမံကိန်းအခမ်းအနားဖွင့်ပွဲကို ပင်းတယအထွေထွေဆေးရုံကြီးတွင် သြဂုတ်လ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး Mr. Daniel Zonshine နှင့်ဆေးရုံတာဝန်ရှိသူများ၊ ပင်းတ ယမြို့နယ်မှ ဒေသကြီးအစိုးရအရာရှိများ တက်ရောက်ခဲ့ကြသည်။

နို့ရည်တစ်စက်စီမံကိန်းသည် ရှမ်းပြည်နယ်ရှိ ကျေးရွာ ၁၃၈ ရွာနှင့် ဆေးရုံ ၄ ရုံကို အကျိုးရရှိစေမည်ဖြစ်သည်။ အန္တရယ်ရှိတတ်သောကိုယ်ဝန်နှင့်မွေးဖွားမှုများအတွက် အသက်ကယ်ပစ္စည်းကိရိယာများကို ဆေးရုံ များမှ လက်ခံရရှိမည်ဖြစ်သည်။ ဓာတ်မှန်အပါအဝင်အချို့သောပစ္စည်းများကို Tel Aviv Sourasky Medical Center မှ လှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံရှိ အစ္စရေးသံရုံးသည် စီမံကိန်းအရာအတွက် သက်ဆိုင်ရာပံ့ပိုးမှုများပေးခဲ့ပြီး သက်ရုံးအနေဖြင့် မြန်မာနိုင်ငံရှိ သင့်လျော်သောဒေသများတွင် အကူအညီများဆက်လက်ပေးသွားမည်ဖြစ်ကြောင်း အတည် ပြုပြောကြားခဲ့သည်။