ဧရာဝတီတိုင်းအတွင်း ယခုနှစ် ကရင်တိုင်းရင်းသားစာပေ သင်ကြားသူ တစ်သိန်းကျော်ရှိ

...

ဧရာဝတီတိုင်းအတွင်း ယခုနှစ် ကရင်တိုင်းရင်းသားစာပေ သင်ကြားသူ တစ်သိန်းကျော်ရှိ

Karen Information Center, 10 Aug 2018

URL: https://www.bnionline.net/en/news/over-100000-students-study-karen-literature-ayeyarwady-region
၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း အစိုးရ အခြေခံပညာကျောင်းများတွင် ကရင်တိုင်းရင်းသား စာပေ သင်ကြားနေသော ကျောင်းသူ/ကျောင်းသား ဦးရေ ၁၂၃,၆၉၆ ဦး ရှိ ကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကရင်တိုင်းရင်းသား စာပေသင်ကြားမှုမှာ ယခင်နှစ် ၂၀၁၇-၁၈ ပညာသင် နှစ်တွင် ၉၁,၈၇၁ ဦးရှိခဲ့ ရာမှ ယခု စာသင်နှစ်တွင် ကျောင်းသားဦးရေ ၃၁,၈၂၅ ဦးအထိ တိုးတက် လာ ခြင်းဖြစ်သည်။

ဧရာဝတီတိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန် ကြားရေး မှူး မန်းသိန်းကျော်က“ ဧရာဝတီတိုင်းမှာ ကရင်လူမျိုး တွေ အများကြီးနေထိုင်ကြတယ်။ အစိုးရကလည်း တ ရားဝင်ခွင့်ပြုထားတဲ့အတွက်ကြောင့် အခြေခံ ပညာ ကျောင်းတွေမှာ အနောက်ပိုးကရင်စာပေရော၊ စ ကော ကရင်စာပေကိုရော၊ သင်ကြားမယ့်စာသင် ကျောင်းတွေရော၊ ကျောင်းသူ/ကျောင်းသားတွေ ရော အရင်နှစ်ကထက် ဒီနှစ်က ပိုများလာတယ် ” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုနှစ် ကရင်တိုင်းရင်းသားစာပေ သင်ကြားမှုတွင် ပိုးကရင်စာပေသင်ကြားသည့် စာသင်ကျောင်း ၉၃၄ ကျောင်းမှ ကျောင်း သူ/ကျောင်းသား ၇၄,၂၇၄ဦး၊ စကောကရင်စာပေ သင်ကြားသည့် စာသင်ကျောင်း ၆၅ဝ ကျောင်းမှ ကျောင်းသူ/ကျောင်းသား ၄၉,၄၂၂ဦး နှင့် ပိုးကရင် စာပေသင် ဆရာ/ဆရာမ ၂,၂၁၈ ဦး ၊ စ ကောကရင် စာပေသင်ဆရာ/ဆရာမ ၂၅,၇၅၄ ဦးရှိကြောင်း ဧရာဝတီတိုင်းပညာရေးမှူးရုံး၏ စာ ရင်းများအရ သိရသည်။

ယခင် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကရင်စာပေသင်ကြားမှုမှာ ပိုးကရင် စာသင်ကျောင်း ၇၂၁ ကျောင်းမှ ကျောင်းသူ/ကျောင်းသား ၅၂,၂ဝဝဦးနှင့် ဆရာ/ဆရာမ ၁,၄၄ဝဦး၊ စကောကရင် စာသင်ကျောင်း ၅၃၆ ကျောင်းမှ ကျောင်းသူ/ကျောင်းသား ၃၉,၆၇၁ ဦး နှင့် ဆရာ/ဆရာမ ၁,၂၅၆ ဦးရှိခဲ့သည်ဟု တိုင်းပညာရေးမှူးစာရင်းတွင် ဖော်ပြထားသည်။

ထို့အပြင် ယခုစာသင်နှစ်တွင် တိုင်းဒေကြီးအတွင်း နေထိုင်ကြသည့် အခြားတိုင်းရင်းသားစာပေများလည်း သင်ကြားလျက်ရှိရာ အရှိချင်း တိုင်းရင်းသားစာပေသင်ကြားသူ ၁,၆၂၂ဦး နှင့် ရခိုင်တိုင်းရင်းသား စာပေ သင်ကြားသူ ၃,၇၃၆ ဦးရှိကြောင်း သိရသည်။