စိုက်ပျိုးရေးကဏ္ဍမှ ငွေကြေးအကူအညီ ရရှိမည်

...

စိုက်ပျိုးရေးကဏ္ဍမှ ငွေကြေးအကူအညီ ရရှိမည်

Myanmar Times, 16 Aug 2018

URL: https://www.mmtimes.com/news/agri-sector-receives-aid-value-chain-financing.html
ကမ္ဘာ့စိုက်ပျိုးရေးနှင့် အစားအစာအဖွဲ့အစည်းမှ မြန်မာနိုင်ငံရှိ အပူပိုင်းဇုန်များတွင် စိုက်ပျိုးရေးစီမံကိန်းအတွက် ငွေကြေးရန်ပုံငွေ ယူအက်စ်ဒေါ်လာ ၂၇ သန်း ချထားပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးလှကျော်ကပြောသည်။ ထိုငွေကြေးရန်ပုံငွေဖြင့် ရေသွယ်ခြင်း၊ ရေတွင်းများတူးခြင်း၊ အဟာရနှင့်ပတ်သက်၍ ပညာရေးခြင်းနှင့် လှည့်လည်ကြည့်ရှု့စစ်ဆေးခြင်းစသည်တို့ ပါဝင်မည်ဖြစ်သည်။

စီမံကိန်းကို မကွေးတိုင်းရှိ မြို့နယ် ၅ မြို့နယ်၊ မန္တလေးတိုင်းရှိ မြို့နယ် ၄ မြို့နယ်နှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းရှိ မြို့နယ် ၅ မြို့နယ်တို့တွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

လယ်သမားများအတွက် သင်တန်းများပေးခြင်း၊ အရည်အသွေးမီအစေ့များထုတ်လုပ်ခြင်း၊ နှမ်းစပါးထူတ်လုပ်ခြင်းစသည်တို့ပါဝင်သည်။

စီမံကိန်းသည် ၇ နှစ်တာ ကာလဖြစ်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိဖြစ်သည်။